ရီးရဲလ်နဲ့ချဲလ်ဆီးတို့ ဒီကနေ့ညမှာ ရင်ဆိုင်ရမှာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ချဲလ်ဆီးတို့ ချန်ပီယံလိဂ်က ထွက်ရဖို့ သေချာသွားပြီဆိုတဲ့ တူဟယ်လ်ရဲ့ ပြောစကားတွေအပေါ် အယုံအကြည်မရှိတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ချဲလ်ဆီးတို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ဒီကနေ့ည ဘာနေဗျူးကွင်းမှာ ကစားရမှာပါ။



ပထမအကျော့ ချဲလ်ဆီးကွင်းမှာ ကစားခဲ့တုန်းက ရီးရဲလ်မက်ဒရစ်တို့ ဘန်ဇီမာရဲ့ ဟက်ထရစ်နဲ့အတူ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒုတိယအကျော့ ရီးရဲလ်မက်ဒရစ် အိမ်ကွင်းမှာ ပြန်လာနိုင်တော့မှာမဟုတ်ဘူးလို့ တူဟယ်လ်က ပြောကြားထားပါတယ်။ ဒါပေမယ့် အန်ဆယ်လော့တီက “ချဲလ်ဆီးက ကွာတားဖိုင်နယ်ကို ကျော်ဖြတ်ဖို့ တိုက်ပွဲဝင်ဦးမှာပါ”

“သူတို့အတွက် ခက်ခဲမှာ သိပေမယ့် ကြိုးစားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက အသင်းကြီးတသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်ကြောင့်ပါ။ ကျနော်တို့ ချဲလ်ဆီးအပေါ် အများကြီးလေးစားမှုရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အရည်အချင်း၊ ကျနော်တို့ကို ရင်ဆိုင်ဖို့ သူတို့ရဲ့ ပြင်ဆင်မှုတွေကြောင့်ပါ”

“ကျနော်တို့အသင်းက ကစားသမားတွေကလည်း ပထမအကျော့ရလဒ်နဲ့ ကျေနပ်နေမှာမဟုတ်ပါဘူး။ သူတို့ဒီပွဲကို ကစားဖို့ ပျော်ရွှင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆီမီးဖိုင်နယ် ကစားဖို့ နောက်ထပ်ကြီးမားတဲ့ အခွင့်အရေးဖြစ်နေတာကြောင့်ပါ။ ချဲလ်ဆီးက အခုထိ တောင့်တင်းတဲ့ အသင်းတသင်းဖြစ်နေဆဲပါ”

“ပထမအကျော့ကအတိုင်း ကျနော်တို့ ရင်ဆိုင်မှာဖြစ်ပေမယ့် ချဲလ်ဆီးကတော့ မတူညီတဲ့ ပွဲတပွဲကို ကစားလာမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကက်စ်မဲရိုးကလည်း “ကျနော်တို့ တူဟယ်လ်ရဲ့ ပြောစကားတွေကို မယုံပါဘူး”

“ကျနော်တို့ အခုပြောနေတာက လက်ရှိချန်ပီယံအသင်းတသင်းအကြောင်းပါ” လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို ဖြုတ်ချခဲ့ပြီး ဗိုလ်လုပွဲမှာပါ မန်စီးတီးကို ကျော်ဖြတ် ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က