ဇန်နဝါရီ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၅ ရက်တိုင်ကျင်းပသွားမှာဖြစ်ပါတယ်။

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၅ ရက်တိုင်ကျင်းပသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုး၇အဖွဲ့ကနေ သိရပါတယ်

Photo - Yangon Region Government



မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအဖွဲ့ကနေ ကြီးမှုးကျင်းပတာဖြစ်ပြီးတော့ ပွဲတော်ရဲ့နာမည်ကို “ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ” လို့နာမည်ပေးထားတာဖြစ်ပါတယ်။

ဖွင့်ပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့မှာကျင်းပမှာဖြစ်ပြီးတော့ တိုင်းရင်းသားပေါင်းစုံတို့ရဲ့ စည်းလုံးညီညွှတ်မှုကို ပြသနိုင်ဖို့နဲ့ တိုင်းရင်းသားပြည်သူတွေလိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေဖို့နဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဓလေ့နဲ့ တော၊တောင်၊ရေမြေ၊သဘာဝအလှအပတွေကို နိုင်ငံသူ၊နိုင်ငံသားတွေသိရှိစေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။



ဒါ့အပြင် နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေသိရှိလေ့လာနိုင်စေဖို့နဲ့ ခရီးသွားလုပ်ငန်းတွေတိုးတက်မြင့်မားလာစေဖို့နဲ့ တိုင်းရင်းသား ဒေသထုတ်ကုန်ရိုးရာအဝတ်အထည်တွေကို နိုင်ငံတွင်းသာမကဘဲ နိုင်ငံတကာထိပါ ဈေးကွက်တင်ဖြန့်ဖြူးနိုင်စေဖို့နဲ့ တိုင်းရင်းသားတွေအတွက် စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိစေဖို့ ရည်ရွယ်တယ်လို့ လည်းသိရပါတယ်။

ပွဲမှာ တေးသံရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ၊ တိုင်းရင်းသားလူမျိုးစု တစ်ခုချင်းစီရဲ့ အကအလှတွေ၊တိုင်းရင်းသားအလှမယ် ရွေးချယ်ပွဲ၊တိုင်းရင်းသား ယဉ်ကျေးမှုရိုးရာဓလေ့နေထိုင်မှုတွေနဲ့ ရိုးရာအသုံးဆောင်ပစ္စည်းတွေကို တစ်စုတစ်စည်းတည်းပါဝင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် night market တွေနဲ့ exhibition booth တွေကိုပါ ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က