Photo - TOYOTA
တိုယိုတာ ကားစက်ရုံကို သီလဝါစက်မှုဇုန်မှာ တည်ဆောက်မှာဖြစ်ပြီး မြန်မာနိုင်ငံဟာ တိုယိုတာရဲ့ ၂၈ နိုင်ငံမြောက် စက်ရုံတည်တဲ့ နိုင်ငံဖြစ်လာမှာပါ။ စက်ရုံတည်ဆောက်ရေးလုပ်ငန်းတွေကို ယခုနှစ်အတွင်းမှာပဲ စတင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ တဟုန်ထိုး တိုးတက်လာမယ့် အလားအလာတွကြောင့် တည်ဆောက်ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တိုယိုတာကားကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်းက မော်တော်ကားသစ် အစင်းရေ (၁၇၅၀၀) ရောင်းချခဲ့ရပြီး ၂၀၁၇ ခုနှစ်ထက် ၂ ဆနီးပါး တိုးတက်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ တိုယိုတာအနေနဲ့ မြန်မာနိုင်ငံမှာ စက်ရုံတည်ဆောက်ရန် ၂၀၁၄ ခုနှစ်လောက်ကတည်းက စီစဉ်နေခဲ့တာဖြစ်ပြီး စက်ရုံတည်ဆောက်ပြီးပါက မြန်မာနိုင်ငံအတွက် အလုပ်အကိုင်တွေ အများအပြား ဖန်တီးပေးနိုင်ခြေလည်းရှိနေပါတယ်။
လက်ရှိမှာ ဂျပန်ကားကုမ္ပဏီဖြစ်တဲ့ ဆူဇူကီးကလည်း မြန်မာနိုင်ငံမှာ စက်ရုံတည်ဆောက်ကာ ကားများထုတ်လုပ်နေပြီး အခြား ကုမ္ပဏီတွေဖြစ်တဲ့ နစ်ဆန်း၊ ဟွန်ဒိုင်း၊ ဖို့ဒ်တို့ကလည်း ရင်းနှီးမြုပ်နှံမှုအချို့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။