သီချင်းအသစ်လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

ထွန်းကိုကိုဟာ သူ့ကို ချစ်တဲ့ပရိသတ်တွေက သီချင်းဆိုဖို့ တိုက်တွန်းခဲ့ကြတာကြောင့် ကိုယ်ပိုင်သီချင်းလေး တစ်ပုဒ်ကို Surprise အနေနဲ့ မွေးနေ့မှာ လက်ဆောင်ပြန်ပေးခဲ့ပါတယ်တဲ့။ သူ့ရဲ့ မွေးနေ့မှာတုန်းကလည်း ပရိသတ်တွေက ပလပ်စတစ်လျှော့ချေရေး Campaign မှာ အားတက်သရော ပါဝင်ခဲ့ကြတာကို တွေ့ရပါတယ်။ 

သရုပ်ဆောင်ထွန်းကိုကိုဟာ သူ့ရဲ့ မွေးနေ့မှာ အလှူအတန်းတွေလုပ်ရင်း ပရိသတ်တွေအတွက်အကျိုးဖြစ်စေမယ့် Campaign လေးတစ်ခု လုပ်ခဲ့ပါတယ်။ ဒါကတော့ ပလပ်စတစ်အသုံးပြုမှု လျှော့ချရေး Campaign ဖြစ်ပါတယ်။ ပလပ်စတစ် အသုံးပြုမှုလျှော့ချရေး နဲ့ပတ်သက်ပြီးတော့လည်း သူ့ရဲ့ သဘောထားကို အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



“ကျွန်တော့်ရဲ့ မွေးနေ့အလှူမှာ ကမ်ပိန်းလေးတစ်ခုပါ ထည့်ထားတယ်။ ဒါကတော့ ပလပ်စတစ်လျှော့ချရေး ကမ်ပိန်းလေးပါ။ အဲဒီအတွက် ဒီနေ့အလှူမှာတော့ စက္ကူပန်းကန်ပြားလေး သုံးထားတယ်။ ကြာဇံကြော်ကျွေးတာဖြစ်တဲ့အတွက် ဝါးတူသုံးတယ်။ အဓိက ကတော့ ပလပ်စတစ်လျှော့ချဖို့အတွက်ကို ဆောင်ရွက်တာပေါ့နော်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၆ ရက်နေ့ က သူ့ရဲ့ မွေးနေ့အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

ထွန်းကိုကိုက ဒီ Campaign မှာ အတူတူပါဝင်ခဲ့တဲ့ သူ့ရဲ့ We Love လေးတွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။အဲ့ဒီနောက် ပရိသတ် တောင်းဆိုထားတဲ့ အရာလေးတစ်ခုကိုလည်း မွေးနေ့မှာ Surprise လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

“ ကျွန်တော့် မွေးနေ့မှာ ပရိသတ်ကို Surprise ပြန်ပေးခဲ့တယ်။ ဒါက သီချင်းလေး တစ်ပုဒ်တင်ပေးထားတယ်။ ပရိသတ်က သီချင်းဆိုဖို့အတွက်လည်း တောင်းဆိုနေတာ ကြာပြီ။ အခုတင်လိုက်တဲ့ သီချင်းကလည်း အသံသွင်းထားတာ တော်တော်ကြာပြီ။ ဒီသီချင်းအတွက် ရုပ်ကဒ်ကတော့ ကျွန်တော် ပြင်ဦးလွင်မှာ သွားရိုက်ထားတာ” လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

ထွန်းကိုကို ကိုယ်တိုင် သီဆိုထားတဲ့ "အနားနားရှိခွင့်" သီချင်းလေးကိုတော့ ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လည်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းလေးကိုတော့ တေးရေးမင်းကို က ရေးစပ်ပေးထားတာဖြစ်ပါတယ်။ သီချင်းလေးအမျိုးအစားကတော့ အချစ်သီချင်း ချိုချိုလေး တစ်ပုဒ်ပါပဲ။ "အနားနားရှိခွင့်" သီချင်းလေး ကတော့ သူချစ်တဲ့ ကောင်မလေးရဲ့ အနားမှာ အချိန်တိုင်းရှိနေချင်တယ်ဆိုတာကို ဖွဲ့ဆိုထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးကို အားပေးတဲ့ ပရိသတ်တွေကတော့ နှစ်သောင်းတစ်ထောင်ကျော် ရှိသွားပါပြီ။ 

 ထွန်းကိုကို ( Yanpaing Tun Ko)ဟာ မိန်းကလေး ပရိသတ်များစွာ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရသူပါ။ ၂၀၁၃ခုနှစ်က ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ asia new star model contest ပြိုင်ပွဲမှာWinner ဆု ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပရိသတ်တွေ စတင် သတိထားမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ ကနေတဆင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က