၆ ပေကနေ လွတ်ချလို့လည်း အပွန်းအစင်းဒဏ်ခံနိုင်မှာပါ

Samsung Display ကတော့ အမေရိကန်ကာကွယ်ရေးဌာနက ချမှတ်ထားတဲ့ စစ်တပ်အဆင့် အကြမ်းခံနိုင်တဲ့ OLED panel တစ်ခုကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

 

အလိုက်သင့်ကွေးညွှတ်နိုင်ပြီး မကွဲနိုင်တဲ့ ဒီ panel ဟာ Underwriters Laboratory (UL) လို့ခေါ်တဲ့ အမေရိကန်ဘေးကင်းရေးဆိုင်ရာအဖွဲ့အစည်းအတွက် တရားဝင်စစ်ဆေးပေးတဲ့ ကုမ္ပဏီရဲ့ ထောက်ခံချက်ရထားပါတယ်။ UL စမ်းသပ်ချက်အရ Samsung ရဲ့ မကွဲနိုင်တဲ့ ဒီ OLED panel ဟာ ၄ ပေအမြင့်ကနေ ၂၆ ကြိမ် ပစ်ချလို့လည်း မကွဲသလို အလွန်ပြင်းထန်တဲ့ အပူချိန်စစ်ဆေးမှုမှာလည်း ခံနိုင်ရည် ရှိတယ်လို့ဆိုပါတယ်။

ကုမ္ပဏီရဲ့ ဆက်သွယ်ရေးဆိုင်ရာ အထွေထွေမန်နေဂျာ ဟိုဂျန်ကင်ကတော့ "ပလတ်စတစ် window ကာဗာဟာ portable အီလက်ထရောနစ်ပစ္စည်းတွေအတွက် အကြမ်းခံနိုင်ရုံတင်မဟုတ်ဘဲ တစ်ခြားကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။ ပလတ်စတစ်ဖြစ်လို့ပေါ့ပါးတယ်။ မှန်လိုလည်း အကြည်မြင်နေရမယ်။ အကြမ်းလည်း ခံမှာပါ" လို့ဗွီဒီယိုဖိုင်မှာ ရှင်းပြသွားပါတယ်။

Samsung ရဲ့ အဆိုအရ ဒီ display ဟာ ၆ ပေအမြင့်က လွှတ်ချလို့လည်း ဘယ်လို အပွန်းအစင်းမှ ဖြစ်မှာ မဟုတ်ဘူးလို့ထုတ်ပြန်ထားပါတယ်။ ပလတ်စတစ်အုပ်ထားတဲ့ဒီ panel ဟာ မှန်အုပ်ထားတဲ့ window တစ်ခုမှာ သုံးထားတဲ့ အကြမ်းပိုခံပြီး ပေါ့ပါးမှု ၊ ထွင်းဖောက်မြင်နိုင်မှုပိုင်းမှာလည်း အားသာချက် ရှိတယ်လို့ဆိုပါတယ်။

ဗွီဒီယိုဖိုင်မှာတော့ ဒီ panel ကို တူနဲ့ပါ အချက်ပေါင်းများစွာ ထုပြခဲ့ပြီး အကောင်းအတိုင်း ကျန်နေတာတွေ့ရမှာပါ။ Samsung ဟာ ယခု OLED panel ကို ကားပိုင်း ၊ စစ်တပ်သုံး မိုဘိုင်းပစ္စည်းများ ၊ ဂိမ်း display များ နဲ့တက်ဘလက်များမှာပါ သုံးနိုင်အောင်ထုတ်လုပ်သွားမယ်လို့ဆိုပါတယ်။ 

photo: GeeksDirt

 

Samsung ဟာ ပြီးခဲ့တဲ့ မေလကတည်းက Display Week ပွဲမှာ ကားပစ္စည်းထုတ်လုပ်တဲ့ ဖောက်သည်များအတွက် ၆.၂၂ လက်မ အရွယ် flexible display တစ်ခုလည်း ကြေငြာခဲ့ပါတယ်။ ဒီ OLED panel အမျိုးအစားဟာ စမတ်ဖုန်းများမှာ ပထမဆုံး  သုံးလာဖို့ရှိပြီး စမတ်ဖုန်းမှန်ကွဲ ပြဿနာအတွက် အဖြေတစ်ရပ် ဖြစ်လာဖို့ရှိပါတယ်။

Share

Loading Next Article...
က္က