ပိုက်ဆံလေးလည်း လှူခဲ့ပါသေးတယ်တဲ့။

မီးပွိုင့်စိမ်းနေတုန်းမှာ လမ်းဖြတ်ကူးနေတဲ့ အမေအိုကြီးကို သူမကားပေါ်တင်ခေါ်ပေးခဲ့ပြီး အမေအိုကြီးသွားချင်တဲ့နေရာကို ပို့ပေးခဲ့တာပါ။ မေထွဋ်ခေါင်ရဲ့ လုပ်ရပ်လေးကို ပရိသတ်တွေ ကြည့်ပြီး ကြည်နူးပီတိဖြစ်လို့နေပါတယ်။

 

Photo : မေထွဋ်ခေါင်

မေထွဋ်ခေါင်က မီးပွိုင့်စိမ်းနေတာတုန်းမှာ တုန်တုန်ယင်ယင်နဲ့ လမ်းဖြတ်ကူးနေတဲ့ အမေအိုကြီးတစ်ယောက်ကိုကူညီပေးခဲ့တာ ဖြစ်ပါတယ်။ အမေအိုကြီး လမ်းဖြတ်ကူးနေတဲ့ အချိန်မှာ အော်တဲ့လူက လှမ်းအော်နဲ့ ပြောနေကြတာကြောင့် သနားပြီး သူမရဲ့ ကားပေါ်ကို ခေါ်တင်ကာ အမေအိုကြီးသွားမယ့် နေရာကို ကားနဲ့ လိုက်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

“မီးပွိုင့်ကစိမ်းနေတာကိုအမေအိုကြီးစမ်းတဝါးဝါးနဲ့လမ်းဖြတ်လျှောက်လာတာ အော်တဲ့လူကလှမ်းအော် အဖွားကိုကြည့်ပြီးအရမ်းသနားလို့

ကျွန်မလဲမနေနိုင်တော့တာနဲ့ကားပေါ်ကပြေးဆင်း အဖွားကိုကားပေါ်တင်သွားချင်တဲ့နေရာလိုက်ပို့ ပိုက်ဆံလေးလဲလှူ အဖွားကဆုတွေလဲပြန်ပေး” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၆) ရက်နေ့က ရေးသားထားတာ တွေ့ရပါတယ်။

Photo : မေထွဋ်ခေါင်

မေထွဋ်ခေါင်က ကားပေါ်တင်ခေါ်ခဲ့ပြီး အမေအိုကြီးသွားရမယ့် နေရာလေးကို သေချာလိုက်ပို့ပေးခဲ့တာပါ။ သူမရဲ့ လုပ်ရပ်လေးကိုကြည့်ပြီး ပရိသတ်တွေ လည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ စိတ်သဘောထားကောင်းလန်းတဲ့ သူမကိုလည်း အမေအိုကြီးက ဆုတွေအများကြီး ပေးခဲ့ပါသေးတယ်။

မေလ(၂၉)ရက်နေ့ ၂၀၁၆ခုနှစ်က ဆီဇာညီညီနဲ့ မေထွဋ်ခေါင် တို့ရဲ့ဟာ နှစ်ယောက်တစ်ဘဝ တည်ထောင်ခဲ့ကြတာပါ။

Photo : မေထွဋ်ခေါင်

သူတို့နှစ်ဦးရဲ့ ဘဝထဲကို ၂၀၁၆ခုနှစ် အောက်တိုဘာလက သမီးလေးတစ်ယောက် ဝင်ရောက်လာခဲ့တာဖြစ်ပြီး သမီးလေးနာမည်က မေနန်းစံလို့ ခေါ်ပါတယ်။ သားလေးကတော့ ၂၀၁၈ခုနှစ်က နိုဝင်ဘာ(၅) ရက်နေ့က နေပြည်တော်မှာ မွေးဖွားခဲ့ပါတယ်။ သရုပ်ဆောင် မေထွဋ်ခေါင်ဟာ လက်ရှိမှာ သမီးတစ်ယောက်၊ သားတစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က