ဒီနှစ်မှာ COVID-19 ကပ်ဘေးကြီးကလည်းကျရောက်နေတာကြောင့် ပုံမှန်ထက်ပိုပြီး ကျန်းမာရေးအသိ၊သတိရှိဖို့ အရေးကြီးလို့နေပါတယ်။

နှစ်တစ်နှစ်ရဲ့ အခုလိုမိုးတွင်းကာလအချိန်ဟာဆိုရင် လူတွေ ဖျားတတ်၊နာတတ်တဲ့ တုပ်ကွေးရာသီပဲ ဖြစ်ပါတယ်။ ဒီနှစ်မှာ အားလုံးသိတဲ့အတိုင်း COVID-19 ကပ်ဘေးကြီးကလည်းကျရောက်နေတာကြောင့် ပုံမှန်ထက်ပိုပြီး ကျန်းမာရေးအသိ၊သတိရှိဖို့ အရေးကြီးလို့နေပါတယ်။ ဒါကြောင့် တုပ်ကွေးရောဂါ ၄ မျိုးအကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေပေးပါရစေ။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေး ၄ မျိုးကို Type A , B, C, D ဆိုပြီး ပညာရှင်တွေက ယေဘူယျသတ်မှတ်ထား ပါတယ်။ အဲဒီ ၄ မျိုးထဲမှာ Type A နဲ့ B ဟာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုနှုန်းမြင့်မားပြီး ရာသီတုပ်ကွေးအဖြစ် အဖြစ်များပါတယ်။ Type C ကတော့ ကူးစက်မှုနှုန်းနည်းသလို ဖြစ်ခဲ့ရင်လည်း ရောဂါလက္ခဏာတွေက ပြင်းထန်လေ့မရှိတာကြောင့် သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး။ Type D ဗိုင်းရပ်စ်ကတော့ တိရစ္ဆာန်တွေမှာသာ ဖြစ်ပွားတဲ့ဗိုင်းရပ်စ်ဖြစ်ပြီး လူတွေကိုကူးစက်ခြင်း၊ ဖျားနာစေခြင်းမရှိတဲ့ဗိုင်းရပ်စ်မျိုးဖြစ်ပါတယ်။

ရောဂါလက္ခဏာများ

ရာသီတုပ်ကွေးရောဂါရဲ့ လက္ခဏာတွေကတော့ နှာစီးခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်းတို့ပဲ ဖြစ်ပါတယ်။ ချောင်းဆိုးတာက ၂ ပတ်လောက်အထိတာရှည် တတ်ပြီး အဖျားကလည်း သာမန်အဖျားကနေ အချို့လူတွေမှာ အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူတွေ၊ ငယ်ရွယ်တဲ့ကလေးတွေ၊ ရောဂါကြီးကြီးမားမား အခံရှိသူတွေမှာ ရာသီတုပ်ကွေးခံစားရရင် ပိုပြီးပြင်းထန်နိုင်တာကြောင့် အထူးဂရုစိုက်သင့်ပါတယ်။

ကူးစက်ပြန့်ပွားပုံ

ရာသီတုပ်ကွေးဗိုင်းရပ်စ်ဟာ အလွန်ကူးစက်ပြန့်ပွားလွယ်ပါတယ်။ ကူးစက်ပြန့်ပွားပုံနည်းလမ်းက လက်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိပေးထုတ်ပြန်နေတဲ့ COVID-19 ကူးစက်မှုနည်းလမ်းတွေ အတိုင်းပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရှိနေသူတစ်ဦးက နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါမှာ သူ့ဆီကထွက်တဲ့ တံတွေး၊ နှာရည် စတဲ့အရည်အစက်တွေထဲကနေ ဗိုင်းရပ်စ်တွေက လေထဲကိုပျံ့နှံ့သွားပါတယ်။ ဒီလိုပျံ့နှံ့တဲ့နေရာမှာ အကွာအဝေးအနေနဲ့ ၃ ပေကနေ ၆ ပေလောက်အထိကိုရောက်ရှိနိုင်ပါတယ်။ အဲဒါကြောင့် ဗိုင်းရပ်စ်က အနီးအနားမှာ ရှိတဲ့ လူတွေကို လေထဲကနေတစ်ဆင့်တိုက်ရိုက်ဝင်ရောက်သွားနိုင်သလို ဗိုင်းရပ်စ်ပါတဲ့ အရည်အစက်တွေကို လက်နဲ့ထိတွေ့ကိုင်တွယ်မိပြီး တစ်ခါအဲဒီလက်နဲ့ ပါးစပ်၊နှာခေါင်း တို့ကို တိုက်ရိုက်ဖြစ်စေ၊ အနီးဝန်းကျင်ကိုဖြစ်စေကိုင်တွယ်မိခြင်းကြောင့်လည်း ကူးစက်နိုင်ပါတယ်။

ကာကွယ်ရန်နည်းလမ်း

ရာသီတုပ်ကွေးပဲ ဖြစ်ဖြစ်၊ COVID-19 ပဲဖြစ်ဖြစ် ကူးစက်မခံရစေဖို့ တတ်နိုင်သမျှ လူစုလူဝေးကြားထဲမသွားပါနဲ့။ အပြင်ထွက်တာနဲ့ mask တပ်ဖြစ်အောင်တပ်ပါ။ လက်ကိုမကြာမကြာ စင်ကြယ်အောင်ဆပ်ပြာ/ လက်ဆေးဆပ်ပြာတို့နဲ့ ဆေးကြောပါ။ ကိုယ်ခံအားကောင်းနေစေဖို့ အိပ်ရေးဝဝအိပ်ပါ။ အသီးအရွက်များများ စားပါ။

အအေးမိလို့ပဲ ဖြစ်ဖြစ်၊ မိုးမိလို့ပဲဖြစ်ဖြစ် နှာချေတာ၊ နှာရည်ယိုတာနဲ့ ကိုယ်လက်ကိုက်ခဲတာတို့လို လက္ခဏာတွေ စတင်ခံစားလာရတာနဲ့ Decolgen လိုရာသီတုပ်ကွေးလက္ခဏာတွေကို အချိန်တိုတွင်း ပျောက်ကင်းနိုင်တဲ့ ဆေးတစ်မျိုးမျိုးကို ကြိုတင်သောက်ပေးပြီး နွေးနွေးထွေးထွေးနေလိုက်ပါ။ Decolgen ဟာဆိုရင် အအေးမိခြင်းကြောင့်ဖြစ်လေ့ရှိတဲ့ နှာချေခြင်း၊ နှာရည်ယိုနှာပိတ်ခြင်းနဲ့ဖျားနာခြင်းလက္ခဏာများကို အထိရောက်ဆုံးနဲ့အလျင်မြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။

(ဒီဆောင်းပါးကို Decolgen မှပံ့ပိုးကူညီထားပါတယ်)

Share

Loading Next Article...
က္က