တုပ်ကွေးနဲ့ HIV ပေါင်းစပ်ဆေးသုံး ကုသခဲ့ရာ လူနာမှာ ဗိုင်းရပ်စ်ကင်းစင်သွားတယ်လို့ ထိုင်းဆရာဝန်တွေက ဆိုပါတယ်။

ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်အသစ်ကြောင့် ပြင်းထန် အဆုတ်ရောင်ရောဂါဖြစ်ပွားသူကို တုပ်ကွေးနဲ့ အိတ်ချ်အိုင်ဗီ (HIV) ဆေးများ ပေါင်းစပ်ထားတဲ့ ဆေးဝါးဖြင့် ကုသရာမှာ အောင်မြင်မှုရှိကြောင်း ထိုင်းနိုင်ငံမှ ဆရာဝန်တွေက ဆိုပါတယ်။

ဒါက ကုသပျောက်ကင်းသွားတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ လူနာရဲ့ အခြေအနေက အများကြီး တိုးတက်လာပါတယ်


(Photo: Apichit Jinakul/Bangkok Post)

အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူတွေကို ထိုပေါင်းစပ်ဆေးများဖြင့် ကုသပေးခဲ့ရာ ၄၈ နာရီအကြာမှာ သိသာစွာ တိုးတက်မှုရှိလာခဲ့ကြောင်း ထိုင်းဆရာဝန်တွေက ဖေဖေါ်ဝါရီ ၂ ရက်မှာ ပြောပါတယ်။ ဘန်ကောက်မြို့ရှိ Rajavithi ဆေးရုံမှ ဆရာဝန်တွေက ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရမှု ၁၀ ရက်ကြာပြီဖြစ်တဲ့ ဝူဟန်မြို့မှ အသက် ၇၀ အရွယ် တရုတ်အမျိုးသမီးကြီးတစ်ဦး အပါအဝင် ဗိုင်းရပ်စ်ကူးစက်ခံ လူနာအချို့ကို ထိုဆေးနည်းဖြင့် စမ်းသပ်ကုသပေးခဲ့ရာ ၎င်းတို့ရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။


(Photo: Reuters)

ထိုင်းဆရာဝန်တွေရဲ့ ဆေးနည်းအသစ်မှာ HIV ဆေးတွေဖြစ်တဲ့ lopinavir နဲ့ ritonavir တို့ကို oseltamivir တုပ်ကွေးဆေးနဲ့ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ "ဒါက ကုသပျောက်ကင်းသွားတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ လူနာရဲ့ အခြေအနေက အများကြီး တိုးတက်လာပါတယ်၊ ဒီပေါင်းစပ်ဆေးကို ပေးပြီးတော့ ၄၈ နာရီအကြာမှာ စစ်ကြည့်တော့ ဗိုင်းရပ်စ် ကင်းစင်သွားတာမျိုး တွေ့ရပါတယ်" လို့ Rajavithi ဆေးရုံမှ အဆုတ်ရောဂါအထူးကု ဒေါက်တာ Kriangska Atipornwanich က သတင်းထောက်တွေကို ပြောပါတယ်။

"အလားအလာကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ဒါက စံထားရတဲ့ ကုထုံးတစ်ခုဟုတ် မဟုတ်ဆိုတာ နောက်ထပ် လေ့လာမှုတွေ လုပ်ရအုံးမှာပါ" လို့ ၎င်းကဆိုပါတယ်။ ဆေးသုံးမျိုးကို ပေါင်းစပ်တိုက်ကျွေးခြင်းက ကုသမှုကို တိုးတက်စေတယ်လို့ ထင်မြင်ရကြောင်း ထိုင်းဆရာဝန်တွေက ပြောထားပါတယ်။

(Photo: Reuters)

ဖေဖေါ်ဝါရီ ၂ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၅ ဦးရှိပြီ ဖြစ်ပါတယ်

တရုတ်နိုင်ငံမှ ကျန်းမာရေးတာဝန်ရှိသူတွေကလည်း အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူတွေကို HIV နဲ့ တုပ်ကွေးဆေးတွေများ တိုက်ကျွေးနေခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီ ၂ ရက် ညပိုင်းအထိ စာရင်းတွေအရ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ ၁၉ ဦးကို အတည်ပြုထားပြီး လူတစ်ဦးမှတစ်ဦးသို့ ကူးစက်မှုကိုလည်း စစ်ဆေးတွေ့ရှိထားပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ကူးစက်မှုစတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်အသစ်ကို WHO က Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။ ထိုဗိုင်းရပ်စ်စတင်ရာ အဓိကဇစ်မြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။

(Photo: Reuters)

2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။ ဖေဖေါ်ဝါရီ ၂ ရက် ညပိုင်းအထိ စာရင်းတွေအရ အဆိုပါ ဗိုင်းရပ်စ်ကြောင့် တရုတ်မှာ လူ ၃၀၄ ဦး သေဆုံးခဲ့ပြီး ကူးစက်ခံရသူ ၁၄,၃၈၀ ရှိပါတယ်။

တရုတ်ပြင်ပမှာ ပထမဆုံး သေဆုံးမှုအဖြစ် ဖိလစ်ပိုင်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဝူဟန်မြို့ခံ အသက် ၄၄ နှစ်အရွယ် အမျိုးသာတစ်ဦး သေဆုံးခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၂ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၅ ဦးရှိလာပြီး ကမ္ဘာတစ်ဝှမ်း ကူးစက်ခံရသူ ၁၄,၅၅၅ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။

Sou

rce: Reuters, Bangkok Post

Share

Loading Next Article...
က္က