ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်သွားမှာပါ။

တရုတ်-မြန်မာ နယ်စပ် မူဆယ်ဂိတ်ကနေ ပြန်ဝင်လာသူ အရေအတွက်ဟာ ၃လအတွင်း ၃သောင်းဝန်းကျင် ရှိနေပါပြီ။

@Thaung Tun Facebook



တရုတ်-မြန်မာနယ်စပ် မူဆယ်ဂိတ်ကနေ ပြန်လာတဲ့မြန်မာနိုင်ငံသားတွေထဲမှာ COVID-19ရေားဂါပိုး သံသယ လူနာ၆ဦးရှိတယ်လို့သိရပါတယ်။

အဆိုပါ သံသယလူနာ ၆ဦးကို ဆေးရုံကိုပို့ဆောင်ထားပြီး ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်သွားဖို့ရှိတယ်လို့လည်း ဂရုဏာလူမှုကူညီရေးအသင်း ပရဟိတအဖွဲ့၊ဥက္ကဌ ဦးသောင်းထွန်းက Duwunကိုပြောပါတယ်။

“စုစုပေါင်း ပြန်ဝင်လာသူတွေကတော့ ၃လအတွင်းမှာ ၃သောင်းဝန်းကျင်ရှိပါပြီ။ဒီ ၃၊၄ရက်အတွင်းမှာပြန်ဝင်လာ သူတွေထဲမှာတော့ သံသယလနာ ၆ဦးရှိပါတယ်။သူတို့ကိုတော့ ဆေးရုံမှာ ပို့ဆောင်ထားပြီး ဓာတ်ခွဲစစ်ဆေးမှု ပြု လုပ်သွားဖို့ရှိပါတယ်။”လို့ ဦးသောင်းထွန်းက ပြောင်းပါတယ်။

@Thaung Tun Facebook

တရုတ်-မြန်မာနယ်စပ် မူဆယ်ဂိတ်ကနေပြန်ဝင်လာသူတွေကို မူဆယ်ဘက်မှာ ကွာရန်တင်း ထားရှိမှုတွေပြုလုပ် ပေးနေပြီး လက်ရှိအချိန်မှာတော့ မူဆယ် အ.ထ.က(၃)မှာ စောင့်ကြည့်လူနာ ၁၁ဦးသာရှိတော့တယ်လို့လည်းသိရ ပါတယ်။

မူဆယ်မှာတော့ အသက် ၈၇နှစ်အရွယ် အမျိုးသမီးမှာ နှစ်ကြိမ်ဆက် ရောဂါပိုးမတွေ့တော့လို့ ဆေးရုံဆင်းခွင့် ရသွားခဲ့ပြီးနောက် ရောဂါပိုးအတည်ပြုလူနာတစ်ဦးမှ မရှိတော့ပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က