ဒါ ပထမဆုံးအကြိမ် ပူးပေါင်းရိုက်ကူးဖြစ်တာပါ။

‘’ပုဂံရတနာသိုက်’’ ရုပ်ရှင်ကားကြီးကို တရုတ်-မြန်မာ ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နိုင်းနိုင်း၊ ဝတ်မှုံရွှေရည်နဲ့ တရုတ်မင်းသမီးချောလေး Anqi Fu-Heကလည်း အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။

တရုတ်-မြန်မာ ပထမဆုံးအကြိမ်ပူးပေါင်းရိုက်ကူးမယ့် ‘’ပုဂံရတနာသိုက်’’ ရုပ်ရှင်ဇာတ်ကားကြီး ကိုတော့ ၂၀၂၀ခုနှစ်မှာ ကျရောက်မယ့် တရုတ်-မြန်မာ သံတမန်ထူထောင်ရေး နှစ် ၇၀ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံမှ TWF Company ,Good Fortune Investment Company နဲ့ မြန်မာနိုင်ငံမှ International Travel Asia Company , Brave Empire Entertainment တို့မှ အကျိုးတူ ပူးပေါင်းရိုက်ကူးသွားမယ်လို့ သိရပါတယ်။



‘’ပုဂံရတနာသိုက်’’ ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ပွဲကို ဧပြီလ ၂၃ ရက်နေ့က China Culture Center မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲကို ရိုက်ရခြင်းမှာလည်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုများပြားလာရေးနဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ကို ရည်ရွယ်တယ်လို့ သိရပါတယ်။

ဇာတ်ကားရဲ့ ထူးခြားမှုအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ သဘာဝအလှတရား၊ ပုဂံမြို့ရဲ့ ရှေးဟောင်းအမွေအနှစ်များကို ကမ္ဘာကသိအောင် ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေကိုလည်း ဖော်ကျူးရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ့် အနုပညာရှင်တွေကတော့ နိုင်းနိုင်း၊ ဝတ်မှုံရွှေရည်နဲ့ တရုတ်မင်းသမီးလေး Anqi Fu-He တို့ကလည်း အဓိက ပါဝင်သရုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။ ‘’ပုဂံရတနာသိုက်’’ ဇာတ်ကားကို မရိုက်ခင် ၆ လကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို ၂၀၁၉ ခုနှစ် ၁၀ လပိုင်းမှာ ရိုက်ကူးသွားမယ်လို့ သိရပြီး ၂၀၂၀ ခုနှစ်မှာ ရုံတင်ပြသနိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က