ပါရီဆစ်ရဲ့ အေးဂျင့်ကတော့ အင်တာမီလန်အသင်းနဲ့ ကစားသမားကြားက အပြောင်းအရွှေ့ ကိစ္စတွေကို ညှိုနှိုင်းဆောင်ရွက်ပြီးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
အင်တာမီလန်အသင်းက ခရိုအေးရှား တိုက်စစ်မှူး ပါရီဆစ်အနေနဲ့ တရုတ်ကလပ်ရဲ့ စိတ်ဝင်စားမှုကို ငြင်းဆန် လိုက်ပြီလို့ Fox Sports Asia သတင်းဌာနကဖော်ပြလာပါတယ်။
ပါရီဆစ်ကို တရုတ်စူပါလိဂ်က ကလပ်အသင်းအချို့က စိတ်ဝင်စားနေသလို အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
လတ်တလော ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ ပါရီဆစ်ရဲ့ အေးဂျင့်က အင်တာမီလန်ရဲ့ အသင်း တာဝန်ရှိသူတွေနဲ့ ကစားသမားအတွက် အပြောင်းအရွှေ့ကို ဆွေးနွေးပြီးသွားပြီလို့ သိရပြီး အပြောင်းအရွှေ့ တစ်ခု အမြန်ဆုံး ဖြစ်လာတော့မယ်လို့လည်း သိရပါတယ်။
မနှစ်ကတော့ ပါရီဆစ်အနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ရောက်မယ်လို့ သတင်းတွေ ထွက်ခဲ့သေး ပေမယ့်လည်း လက်တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။
တရုတ်ကို မသွားဖြစ်တော့မယ့် ပါရီဆစ်ကို အနီးစပ်ဆုံး စိတ်ဝင်စားနေတာက အာဆင်နယ်အသင်းဖြစ်လို့ အာဆင်နယ်အသင်းကို ရောက်တော့မယ်လို့လည်း အီတလီဖက်မှာ သတင်းတွေ ထွက်နေတယ်လို့သိရပါ တယ်။
အာဆင်နယ်အသင်းကတော့ အီတလီကို ပြန်ချင်နေတဲ့ တော်ရဲရားကိုလည်း အပြောင်းအရွှေ့ ဈေးကွက်မှာ ထည့်သွင်းစဉ်းစားထားပြီး အလဲအထပ် လုပ်ဖို့ များနေတယ်လို့လည်းသိရပါတယ်။