တစ်ယောက်ကို ကျပ် သိန်း ၂၀ နဲ့ ရောင်းတာပါ။

တရုတ်အမျိုသားနှင့် လက်ထပ်ရန်ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်သူတွေကို ဖမ်းဆီးအရေးယူလိုက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။



ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၆ နာရီအချိန် ကချင်ပြည်နယ်၊ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့ဝင်တွေဟာ လူကုန်ကူးခြင်း ခံရပြီး တရုတ်နိုင်ငံက ထွက်ပြေးလာသူ အသက် ၃၁ နှစ်အရွယ်အမျိုးသမီးကိုမေးမြန်းရာကနေ ပေါ်ပေါက်ခဲ့တာပါ။

အဲ့ဒီအမျိုးသမီးဟာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ထဲမှာ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နေ မမိငယ်၊ ချိုမာ၊ ဧရာဝတီတိုင်းဒေသကြီး က ရွှေစင်ဝင်းတို့နဲ့ ခင်မင်ရင်းနှီးခဲ့ပြီး တရုတ်အမျိုးသားနဲ့လက်ထပ်ရင် မြန်မာငွေကျပ်သိန်း(၂၀)ရမည်ဟု ပြောဆိုစည်းရုံးခဲ့တာကြောင့် သဘောတူခဲ့ပြီး တရုတ်ပြည်ရွှေလီကိုလိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ရွှေလီမြို့ကိုရောက်တဲ့အခါမှာ ထွန်းလင်း(ခ)မိုးမိုး ဆိုသူနဲ့တွေ့ဆုံခဲ့ပြီး သူ့ကို တရုတ် အမျိုးသားတစ်ယောက်ဆီမှ ထားခဲ့ပြီး ပိုက်ဆံတွေကိုယူပြီးသွားခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီနောက် ဖေဖော်ဝါရီလ ၁၅ ရက်နေမှာတရုတ်အမျိုးသားဆီက ထွက်ပြေးလာခဲ့ပြီး လွယ်ဂျယ်လူကုန် ကူးမှုတားဆီးကာကွယ်ရေးရုံးကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်နေသူတစ်ယောက်နဲ့ ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်းမြို့နယ်သူအမျိုးသမီး ၂ ယောက်တို့ကိုလည်း မရွှေစင်ဝင်းက စည်းရုံးပြီး တရုတ်အမျိုးသားနဲ့ လက်ထပ်ပေးဖို့ ရွှေလီကိုရောက်စဉ်မှာ အဲ့ဒီအမျိုးသမီး ၂ ယောက်က ပြန်လည်ထွက်ပြေးလာတာကြောင့် လွတ်မြောက်လာခဲ့ပါတယ်။

ဒါကြောင့် မမိငယ်၊ ချိုမာ၊ မရွှေစင်(ခ)ရွှေစင်ဝင်းနဲ့ မောင်ထွန်းလင်း(ခ)မိုးမိုးတို့(၄)ဦးကို လွယ်ဂျယ်နယ်မြေရဲစခန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က