တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှု သက်ရောက်ချက်လည်း ပါနေပါတယ်

Apple ကုမ္ပဏီရဲ့ ပြီးခဲ့တဲ့လက တရုတ်နိုင်ငံကို iPhone တင်ပို့မှုဟာ ၃၅% ကျော် ကျဆင်းခဲ့တဘ်လို့ ဆိုပါတယ်။

Credit Suisse အချက်အလက်တွေကို ကိုးကားပြီး Reuters သတင်းက ဖော်ပြခဲ့တာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာကနေ နိုဝင်ဘာအထိ ၃ လတာ တရုတ်ဈေးကွက်အတွင်း iPhone တင်ပို့ရောင်းချမှု အစုစုဟာ နှစ်ဆန်းပိုင်းကထက် ၇.၄% ကျဆင်းလာခဲ့တယ်လို့ တရုတ်နိုင်ငံ စက်မှုနဲ့ သတင်းအချက်အလက် နည်းပညာအချက်အလက်တွေကလည်း ဖော်ပြထားပါတယ်။

Photo: China Daily

Apple ရဲ့ နောက်ဆုံးပေါ် iPhone 11 စီးရီးသစ်ဟာ စက်တင်ဘာလက စတင်လို့ တရုတ်ဈေးကွက်ထဲ ဝင်ရောက်ခဲ့တာပါ။ အရင့်အရင် နှစ်တွေက တရုတ်မှာ iPhone မော်ဒယ်သစ်တွေ ဝင်ရင် လူပေါင်း ရာနဲ့ချီ ပါဝင်တဲ့ လူတန်းကြီးတွေနဲ့ ကြိတ်ကြိတ်တိုး အားပေးခဲ့ကြပေမယ့် iPhone 11 စတင် ရောင်းချချိန်မှာ လာရောက်ဝယ်ယူသူ နည်းလာခဲ့ပါတယ်။

Credit Suisse ရဲ့ဈေးကွက်လေ့လာသူ မက်သရူးကက်ဘရယ်ရဲ့ အဆိုအရ တရုတ်ထုတ် ကုန်စည်တွေကို လာမယ့်ဒီဇင်ဘာ ၁၅ ရက်နေ့က စလို့ ၁၅% ထပ်တိုးပြီး ကုန်သွယ်ခွန်ကောက်မယ်ဆိုရင် Apple အတွက် ပိုပြီး အခက်တွေ့ဖို့ ရှိမယ်လို့ ဆိုပါတယ်။ Apple အနေနဲ့ သမ္မတထရမ့် ဦးဆောင်တဲ့ အမေရိကန် အစိုးရဆီမှာ တရုတ်နိုင်ငံမှာ ထုတ်လုပ်တဲ့ Apple Watch ၊ iPhone အစိတ်အပိုင်းတွေနဲ့ တစ်ခြား လူသုံးကုန်တွေအတွက် အခွန်သက်သာခွင့် တောင်းဆိုထားပါတယ်။

Photo: Nikkei Asian Review

ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ သမ္မတထရမ့်ဘက်ကလည်း ဒီတောင်းဆိုချက်ကို စဉ်းစားနေတယ်လို့ တုန့်ပြန်ထားပါတယ်။ တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေး တင်းမာမှုတွေနဲ့အတူ Apple ရဲ့ တရုတ်ဈေးကွက်ဝေစုလည်း ပြီးခဲ့တဲ့ တတိယသုံးလပတ်အတွင်းမှာ ၇% ကနေ ၅% ကို ကျဆင်းလာနေပါတယ်။Apple ဟာ နောက်ဆုံး စတုတ္တ သုံးလပတ်အတွင်း တရုတ်ဈေးကွက်မှာ ရောင်းအား ၂.၄% ကျဆင်းနေပါတယ်။

Apple ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်း maker ဖြစ်နေတဲ့ Huawei ကတော့ တရုတ်ဈေးကွက်အတွင်း တတိယသုံးလပတ် ဈေးကွက်ဝေစု ၄၂% အထိ စံချိန်တင် ရရှိထားတယ်လို့ အောက်တိုဘာလက ထုတ်ပြန်တဲ့ Canalys ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က