တရုတ်နိုင်ငံက ကြံစိုက်ခင်းထဲမှာ အစာရေဆာ ပြတ်လပ်နေတဲ့ မြန်မာအလုပ်သမား ၄၅ ယောက်ကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီလို့ စစ်ကိုင်းတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီကနေသိရပါတယ်။
Photo - Win Zaw Khaing- Facebook
ယူနန်ပြည်နယ် ပေါက်ချန်းခရိုင် မုံရှိန်မြို့ကနေ ငါးနာရီကျော်ကြာသွားရတဲ့ တောင်ကုန်းပေါ်က ကြံစိုက်ခင်းတစ်ခုမှာ မြန်မာအလုပ်သမား ၄၅ ယောက်ဟာ အစာရေစာ ပြတ်လတ်ပြီး ဒုက္ခရောက်နေခဲ့တာပါ။
ဒုက္ခရောက်သူတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ခံတွေဖြစ်ကြပြီး တရုတ်ပြည်က ကြံစိုက်ခင်းမှာ အလုပ်လုပ်ရင် အစားအသောက်အနေအထိုင်အဆင်ပြေမယ်ဆိုလို့ သွားရောက်လုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး ပိုင်ရှင်တရုတ်အလုပ်ရှင်က ဘာမှ မကြွေးပဲ ထားပြီးခိုင်းစေတာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာအလုပ်သမား ၄၅ ယောက်ကို ကူညီကယ်ဆယ်နိုင်ရေးအတွက် ဇန်နဝါရီလ ၂၁ ရက်နေ့က တရုတ်နိုင်ငံက အလုပ်ရှင်တွေကို အမှုဖွင့် အရေးယူပေးဖို့ မုံရှိန်မြို့က တရုတ်ရဲတွေနဲတွေ့ဆုံပြီးဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
အစာရေဆာပြတ်လပ်ခဲ့သူတွေကိုတော့ မြန်မာနိုင်ငံပိုင်နက်အတွင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၁၂နာရီ ၃၁ မိနစ်အချိန်မှာ ဘေးကင်းစွာပြန်လည်ခေါ်ဆောင်နိုင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် လူငယ်ကိုယ်စားလှယ်ကိုဝင်းဇော်ခိုင်ကပြောပါတယ်။
"၄ ရက်လောက်အစာရေဆာ ဖြတ်ခံထားရတာကြောင့် တောင်ပေါ်ကနေ ခက်ခက်ခဲခဲ ပြန်ပြီး ကယ်ဆယ်ခဲ့ရပါတယ်" လို့ ကိုဝင်းဇော်ခိုင်က Duwun ကိုပြောပါတယ်။