ဂျပန်အမျိုးသားဟာ ဝူဟန်အပါအဝင် တရုတ်နိုင်ငံရှိ မည်သည့်နေရာကိုမျှ သွားရောက်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့သို့ လတ်တလော ကာလအတွင်း သွားရောက်ခဲ့ဖူးခြင်းမရှိတဲ့ အမျိုးသားတစ်ဦးထံမှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရထားမှု စစ်ဆေးတွေ့ရှိကြောင်း ဂျပန်အာဏာပိုင်တွေက ယနေ့ (ဇန်နဝါရီ ၂၈ ရက်) အတည်ပြုခဲ့ပါတယ်။


(Photo: Reuters)

ထိုအမျိုးသားဟာ ဝူဟန်မြို့မှ ဂျပန်သို့ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကို ဘတ်စ်ကားမောင်းနှင် ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဂျပန်အနောက်ပိုင်း နာယာမြို့မှ အသက်ခြောက်ဆယ်ကျော်အရွယ် အမျိုးသားဟာ ဇန်နဝါရီလ အစောပိုင်းက ဝူဟန်မြို့မှလာရောက်ကြတဲ့ ခရီးသွားအုပ်စုနှစ်ခုကို ဘတ်စ်ကားမောင်းနှင် ပို့ဆောင်ပေးခဲ့ဖူးကြောင်း သိရပါတယ်။



ထိုအမျိုးသားကို စနေနေ့က (ဇန်နဝါရီ ၂၅ ရက်) က တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာဖြင့် ဆေးရုံတင်ထားတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဂျပန်မှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ နောက်ထပ်နှစ်ဦး စစ်ဆေးအတည်ပြုနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ခြောက်ဦးရှိလာကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီး Katsunobu Kato က အတည်ပြုပါတယ်။


"တစ်ကယ်လို့ ဒါအမှန်ပဲဆိုရင် သူက ဝူဟန်ကလာတဲ့ ခရီးသွားတွေဆီကနေ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာ ဖြစ်နိုင်ပါတယ်၊ ပြီးတော့ ဒီလိုသာဖြစ်ခဲ့တယ်ဆိုရင် ဒါက ဂျပန်မှာ ပထမဆုံး လူတစ်ဦးကနေတစ်ဦးကို ဗိုင်းရပ်စ်အသစ် ကူးစက်မှုပါပဲ"


(Photo: AFP)


"သူတိုထဲက တစ်ဦးက ဝူဟန်ကိုသွားခဲ့ဖူးတဲ့ မှတ်တမ်းမရှိပါဘူး၊ သူက ဇန်နဝါရီလထဲမှာ ဝူဟန်ကလာတဲ့ ခရီးသွားတွေကို ဘတ်စ်ကားနဲ့ နှစ်ကြိမ် မောင်းနှင်ပို့ဆောင်ခဲ့ဖူးပါတယ်" လို့ ဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ဘတ်စ်ကားမောင်းတဲ့ အမျိုးသားကြီးဟာ လတ်တလော ကာလအတွင်း ဝူဟန်မြို့ အပါအဝင် တရုတ်နိုင်ငံရှိ မည်သည့်နေရာကိုမျှ သွားရောက်ခဲ့ဖူးခြင်းမရှိကြောင်း AFP သတင်းကို အတည်ပြုခဲ့ပါတယ်။

"တစ်ကယ်လို့ ဒါအမှန်ပဲဆိုရင် သူက ဝူဟန်ကလာတဲ့ ခရီးသွားတွေဆီကနေ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာ ဖြစ်နိုင်ပါတယ်၊ ပြီးတော့ ဒီလိုသာဖြစ်ခဲ့တယ်ဆိုရင် ဒါက ဂျပန်မှာ ပထမဆုံး လူတစ်ဦးကနေတစ်ဦးကို ဗိုင်းရပ်စ်အသစ် ကူးစက်မှုပါပဲ" လို့ အဆိုပါ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ဖြည့်စွက်ပြောပါတယ်။


(Photo: AFP)


ယခု အမျိုးသားမှလွဲပြီး ဂျပန်မှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရသူအားလုံးဟာ တရုတ်နိုင်ငံ ဝူဟန်မြို့သို့ သွားရောက်ခဲ့ဖူးသူတွေ ဖြစ်ကြောင်းလည်း သိရပါတယ်။ ဂျပန်အစိုးရက တရုတ်မှလာရောက်တဲ့ ခရီးသွားတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေပြီး ဝူဟန်မှာပိတ်မိနေတဲ့ ၎င်းတို့နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူရန်လည်း စီစဥ်နေပါတယ်။

ဝူဟန်မြို့မှရောက်ရှိနေတဲ့ ဂျပန်နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်မယ့် လေယာဥ်တစ်စီး ယနေ့ညပိုင်းမှာ ထွက်ခွာမယ်လို့ဆိုပါတယ်။ ထိုလေယာဥ်ဖြင့် ဂျပန်နိုင်ငံသား ၂၀၀ ခန့်ကို ပြန်လည်ခေါ်ဆောင်လာမယ်လို့ သိရပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ လူတွေကို ကူးစက်ခံရမှု စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် ယနေ့အထိ တရုတ်ပြည်မကြီးမှာ လူ ၁၀၆ ဦး သေဆုံးပြီး လူ ၄,၅၁၅ ဦးမှာ ကူးစက်ခံထားရပါတယ်။


(Photo: Reuters)


တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၄,၅၉၁ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ယနေ့အထိ ထိုင်းမှာ ၁၄ ဦး၊ ဟောင်ကောင်မှာ ၈ ဦး၊ မကာအိုမှာ ၇ ဦး၊ စင်ကာပူမှာ ၇ ဦး၊ ဂျပန်မှာ ၆ ဦး၊ ဩစတြေးလျမှာ ၅ ဦး၊ ထိုင်ဝမ်မှာ ၅ ဦး၊ အမေရိကန်မှာ ၅ ဦး၊ မလေးရှားမှာ ၄ ဦး၊ တောင်ကိုရီးယားမှာ ၄ ဦး၊ ပြင်သစ်မှာ ၃ ဦး၊ ကနေဒါမှာ ၂ ဦး၊ ဗီယက်နမ်မှာ ၂ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ ဂျာမနီမှာ ၁ ဦး၊ နီပေါမှာ ၁ ဦးနဲ့ သီရိလင်္ကာမှာ ၁ ဦး စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။

WHO က ယခုဗိုင်းရပ်စ်ကို Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။ ထိုဗိုင်းရပ်စ်စတင်ရာ အဓိကရင်းမြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ 2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။


(Photo: AFP)


ထိုအတောအတွင်း 2019-nCoV ဗိုင်းရပ်စ်ဟာ အနိမ့်ဆုံး လူဦးရေ သောင်းဂဏန်းသို့ ကူးစက်သွားမှာဖြစ်ပြီး ကူးစက်ပျံ့နှံ့မှုဟာ လအနည်းငယ်ကြာလိမ့်မယ်လို့ သုတေသီတွေက ပထမဆုံးရရှိတဲ့ အချက်အလက်တွေကို အခြေခံတွက်ချက် ခန့်မှန်းထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုဟာ နွေဦးကာလမှ နွေရာသီအထိ ဖြစ်နေနိုင်ကြောင်း ကနေဒါနိုင်ငံ တိုရွန်တိုတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ David Fisman က AFP ကို ပြောပါတယ်။ ပါမောက္ခ David Fisman က International Society for Infectious Diseases အတွက် ဗိုင်းရပ်စ်လေ့လာမှုစာတမ်းကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က