လူဦးရေ ၇၀၀,၀၀၀ နေထိုင်ရာ မြို့အနီးရှိ တောင်တန်းများမှာ တောမီးလောင်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ကြီးမားတဲ့ တောမီးလောင်မှုကို ငြှိမ်းသတ်စဥ် မီးသတ်သမား ၁၈ ဦးနဲ့ ဒေသခံလမ်းပြတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရက ယနေ့ (မတ်လ ၃၁ ရက်) ပြောပါတယ်။

(Photo: AFP)

နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသမှုအရ စီချွမ်ပြည်နယ် Xichang မြို့ရှိ တောင်တန်းများပေါ်မှ ကြီးမားတဲ့ မီးတောက်များ ထွက်ပေါ်နေပြီး ကောင်းကင်အရောင်ဟာ လိမ္မော်ရောင်ပြောင်းနေတယ်လို့ ဆိုပါတယ်။ တောမီးလောင်မှုအနီးရှိ လူဦးရေ ၇၀၀,၀၀၀ နေထိုင်ရာ Xichang မြို့မှ အဆောက်အအုံများနဲ့ လမ်းမများအပေါ်မှာ ကြီးမားတဲ့ မီးခိုးများဖုံးလွှမ်းနေခဲ့ပါတယ်။



တောမီးလောင်မှုဟာ တရုတ်အနောက်တောင်ပိုင်းပြည်နယ်ရှိ တောင်တန်းထူထပ်ရာ Liangshan နယ်မြေအတွင်းရှိ Xichang မြို့အနီးမှာ တနင်္လာနေ့ (မတ်လ ၃၀ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီက စတင်ဖြစ်ပွားခဲ့ပြီး မြို့ရဲ့ဘေးကင်းလုံခြုံမှုကို တိုက်ရိုက်ခြိမ်းခြောက်နေကြောင်း မြို့အုပ်ချုပ်ရေးအဖွဲ့က Weibo မှာ ယနေ့ မနက်ပိုင်းမှာ ရေးသားထားပါတယ်။

(Photo: EPA-EFE)

တောမီးလောင်မှုကို မီးသတ်ကား အစီးရေ ၁၄၀၊ မီးသတ်ရဟတ်ယာဥ် ၄ စီးနဲ့ မီးသတ်သမား ၉၀၀ နီးပါးဖြင့် ငြှိမ်းသတ်နေခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ စုစုပေါင်း အရေးပေါ်ဝန်ထမ်း ၂,၀၀၀ ကျော်က ကယ်ဆယ်ရေးနဲ့ တောမီးထိန်းချုပ်ရေးမှာ ပါဝင်ဆောင်ရွက်ကြပြီး ဒေသခံ လူဦးရေ ၁,၂၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။

ယနေ့ မနက်ပိုင်းအထိ ရဟတ်ယာဥ်များဖြင့် တောမီးကို ထိန်းချုပ်ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေဆဲလို့ ဆိုပါတယ်။ လတ်တတလော ရက်ပိုင်းအတွင်း Liangshan မှာပင် တောမီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာန Xinhua က ပြောပါတယ်။ ယမန်နှစ် ဧပြီလအတွင်းကလည်း Liangshan နယ်မြေအတွင်း Muli County မှာ ကြီးမားတဲ့ တောမီးလောင်မှုကြောင့် မီးသတ်သမား ၂၇ ဦး သေဆုံးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က