ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့အရှေ့ပိုင်း နေရာဒေသတွေမှာ ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေခဲ့ပါတယ်။
(Photo: AFP)
နိုင်ငံရဲ့ အကြီးဆုံး ရေချိုကန်ကြီး Poang တစ်လျှောက်ရှိ ရေလှောင်တမံတွေ ကျိုးပေါက်ခဲ့ပြီး ရေကန်ကြီးရဲ့ ရေမျက်နှာပြင် စံချိန်တင် မြင့်တက်ခဲ့ကြောင်း တရုတ်မိုးလေဝသဂြိုဟ်တုဌာန (National Weather Satellite Cetre) က ပြောပါတယ်။
ယခု သီတင်းပတ်အစောပိုင်းမှာ မြစ် ၃၃ စင်း စံချိန်တင် မြစ်ရေမြင့်တက်ခဲ့ပြီး ယန်ဇီမြစ် (Yangtze River) တစ်လျှောက်ရှိ နေရာဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက် ဖြစ်ပေါ်နေပါတယ်။
(Photo: AFP)
တရုတ်အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ လက်တလော ဖြစ်ပေါ်နေခဲ့တဲ ရေကြီးမှုများအတွင်း လူ ၁၄၀ ခန့် သေဆုံးခဲ့ပြီး လူဦးရေ ၃၈ သန်း ရေဘေးကြုံနေခဲ့ရကာ နေအိမ် ၂၈,၀၀၀ ပျက်စီးခဲ့ကြောင်း အစိုးရစာရင်းတွေအရ သိရှိရပါတယ်။ ယခု ရေကြီးမှုတွေဟာ တရုတ်မှာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဇူလိုင် ၁၅ ရက်နေ့မှာ ရေအရင်းမြစ်ဝန်ကြီးဌာနက ထုတ်ပြန်မှုအရ ယန်ဇီမြစ်ရဲ့ အလယ်ပိုင်းနဲ့ အောက်ပိုင်းရှိ အဓိက မြစ်လက်တက်များ၊ Dongting ရေကန်နဲ့ Poyang ရေကန်တို့မှာ ရေများ တဖြည်းဖြည်း လျော့ကျနေခဲ့ကြောင်း သိရပါတယ်။ သို့သော် နိုင်ငံတစ်ဝှမ်းရှိ မြစ် ၉၈ စင်းရဲ့ မြစ်ရေအခြေအနေဟာ သတိပြုရမယ့် အနေအထားမှာ ရှိနေဆဲလို့ ဝန်ကြီးဌာနက ဆိုပါတယ်။
(Photo: AFP)
ရေကြီးမှုအတွင်း အဆောက်အအုံအချို့ ရေထဲသို့ ပြိုကျသွားခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ တရုတ်စစ်သားတွေက ရေဘေးကယ်ဆယ်ရေးမှာ ပါဝင်ဆောင်ရွက်နေကြပါတယ်။ တရုတ်နိုင်ငံမှာ လတ်တလော နှစ်များအတွင်း အဆိုးရွားဆုံး ရေကြီးမှုကို ၁၉၉၈ ခုနှစ်က အယ်လ်နီညို (El Nino) ရာသီဥတုဖြစ်စဥ်အတွင်း ကြုံခဲ့ရဖူးပြီး ထိုစဥ်က လူ ၄,၀၀၀ ကျော် သေဆုံးခဲ့ကြောင်းနဲ့ အများစုဟာ ယန်ဇီမြစ်အနီး နေရာဒေသတွေမှဖြစ်ကြောင်း သိရပါတယ်။
ရေကြီးမှုမြင်ကွင်းအချို့
(Photo: AFP)
(Photo: AFP)
(Photo: AFP)
(Photo: AFP)