တရုတ်နိုင်ငံမှာ ယန်ဇီမြစ်အထက်ပိုင်း မြစ်ရေကြီးမှုကြောင့် လူဦးရေ ၁၀၀,၀၀၀ ကျော် ယနေ့ (ဩဂုတ် ၁၈ ရက်) ရွှေ့ပြောင်းခဲ့ရပြီး နှစ်ပေါင်း ၁,၂၀၀ သက်တမ်းရှိ ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် လီရှန်ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ ခြေတော်ရင်းအထိ မြစ်ရေများရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။
(Photo: Getty Images)
ကယ်ဆယ်ရေးဝန်းထမ်းများ၊ ရဲတပ်ဖွဲ့နဲ့ စေတနာ့ဝန်ထမ်းတွေက စီချွမ်ပြည်နယ် အနောက်တောင်ပိုင်းရှိ ဉာဏ်တော် ၂၃၃ ပေ (၇၁ မီတာ) မြင့်တဲ့ လီရှန်ဗုဒ္ဓရုပ်ပွားတော်ကြီး (Leshan Giant Buddha) ခြေတော်ရင်းမှာ သဲအိတ်များချထားပြီး ရေကြီးမှုကာကွယ်ရန် လုပ်ဆောင်ခဲ့ကြပါတယ်။
၁၉၄၉ ခုနှစ်နောက်ပိုင်း Leshan ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ ခြေတော်ရင်းကို ယန်ဇီမြစ်ရေ ပထမဆုံးအကြိမ် စံချိန်တင် တက်ရောက်လာခဲ့တာဖြစ်ကြောင်း CCTV သတင်းက ဖော်ပြပါတယ်။ လီရှန်ဗုဒ္ဓရုပ်ပွားတော်ကြီးကို ခရီးသွားများ အလွန်စိတ်ဝင်စားပြီး လာရောက်မှု များပြားလေ့ရှိပါတယ်။
(Photo: Getty Images)
ယန်ဇီမြစ်ကြောင်းနဲ့ Three Gorges ရေကာတာကြီးတစ်လျှောက် အပျော်စီးသင်္ဘော ခရီးစဥ်များဖြင့်လည်း ဗုဒ္ဓရုပ်ပွားတော်ကြီးရှိရာကို ခရီးသွားများ မကြာခဏ လာရောက်လေ့ရှိကြပါတယ်။ မြစ်ရေများ မြင့်တက်လာမှုကြောင့် လီရှန်ဗုဒ္ဓရုပ်ပွားတော်ကြီးနေရာမှ ခရီးသွား ၁၈၀ ကို ကယ်ဆယ်ခဲ့တယ်လို့ တရုတ်အစိုးရသတင်းဌာနက ပြောပါတယ်။
ယန်ဇီမြစ်နဲ့ Three Gorges ရေကာတာကြီး ခရီးသွားများ လာရောက်မှုယန်ဇီမြစ်ကြောင်းတစ်လျှောက်ရှိ စီချွမ်ပြည်နယ်မှာ မြစ်ရေကြီးမှု တုံ့ပြန်ဆောင်ရွက်ရန် အမြင့်ဆုံး သတိပေးချက်များ အင်္ဂါနေ့ (ဩဂုတ် ၁၈ ရက်) မှာ ထုတ်ပြန်ထားခဲ့ပြီး နောက်ထပ် မိုးသည်းထန်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။
(Photo: Getty Images)
ယန်ဇီမြစ် ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ Yangtze Water Resources Commission က မြစ်ကြောင်းတစ်လျှောက် စောင့်ကြည့်စခန်းတွေမှာ မြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ၁၆ ပေ ကျော်လွန်ရောက်ရှိနိုင်ကြောင်း ခန့်မှန်းခဲ့ပြီး ဩဂုတ် ၁၈ ရက်နေ့ နှောင်းပိုင်းမှာ မြစ်ရေကြီးမှုကို အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။
ယန်ဇီမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ နာမည်ကျော် Three Gorges ရေအားလျှပ်စစ်စီမံကိန်း ရေကာတာကြီးမှာလည်း ယနေ့ အခြေအနေအရ တစ်စက္ကန့်လျှင် ရေပမာဏ ၇၄,၀၀၀ ကုဗမီတာ (ဂါလန် ၁၆ သန်း) စီးဝင်နေပြီး ရေကာတာကြီး တည်ဆောက်ခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံး ရေစီးဝင်မှုဖြစ်ကြောင်း ရေအရင်းအမြစ်ဝန်ကြီးဌာနက ပြောပါတယ်။
.