အကျဉ်းသားတွေကို တရုတ်အစိုးရက ပြစ်ဒဏ်လျှော့ပေါ့ပြီး မြန်မာနိုင်ငံဘက်ကို ပြန်လည်စေလွှတ်ပေးနေတာလို့ သိရပါတယ်။
ဓာတ်ပုံ - Thaung Tun Facebook Page
တရုတ်နိုင်ငံမှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသား သောင်းဂဏန်းဝန်းကျင်အထိ မြန်မာနိုင်ငံဘက်ကို ပြန်လွှဲပေး ပြီး ဖြစ်တယ်လို့ တရုတ်-မြန်မာ နယ်စပ်ဂိတ်မှာ ပြည်တော်ပြန်တွေ လက်ခံရေး ဆောင်ရွက်လျက်ရှိတဲ့ ဂရုဏာ လူ မှုကူညီရေးအသင်း ဥက္ကဌ ဦးသောင်းထွန်းက Duwunကိုပြောပါတယ်။
“ကျွန်တော်တို့ဆီကိုတော့ ကိုဗစ်ကာလအတွင်းမှာ တရုတ်ကနေ ပြန်ဝင်လာသူငါးသောင်းကျော်ရှိနေပြီ ဖြစ်တဲ့အ ထဲမှာ တစ်သောင်းဝန်းကျင်လောက်က အကျဉ်းသားတွေ ဖြစ်ပါတယ်။အကျဉ်းသားလွှဲမှုတွေမှာတော့တစ်ရက် တည်းကို အများဆုံး ၂၀၀ကျော်ကနေ ၃၀၀နီးပါးအထိ ရှိဖူးပါတယ်။”လို့ ဦးသောင်းထွန်းက ပြောပါတယ်။
မနေ့ကတော့ တရုတ်မှာ အကျဉ်းကျနေသူ မြန်မာနိုင်ငံသား ၁၀၅ဦး ကို မူဆယ်ဂိတ်ကတဆင့် လွှဲပြောင်း ပေးခဲ့သလို ဒီကနေ့ ဇွန်လ ၂၀ရက်နေ့မှာလည်း အကျဉ်းသား ၁၀၀ခန့် ထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
“အကျဉ်းကျနေသူတွေထဲမှာတော့ အားလုံးနီးပါးက ပတ်စ်ပို့သက်တမ်းတိုး ကျော်လွန်သူတွေ၊တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်သူတွေသာ ကိုဗစ်ကာလမှာ ပြစ်ဒဏ်လျှော့ပြီး ပြန်လွှဲပေးတာပါ။ ရာဇဝတ်မှုနဲ့ အကျဉ်းကျနေ သူတွေတော့ ပါလာတာမတွေ့ပါဘူး။”လို့ ဦးသောင်းထွန်းက ဆက်လက်ပြောပါတယ်။
မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာကြတဲ့ အကျဉ်းသားတွေကို သက်ဆိုင်ရာ ဒေသကို ပို့ဆောင်ကာ မိမိတို့နေ ရပ်မှာ အသွားအလာကန့်သတ်မှု ခံယူရမယ်လို့သိရပါတယ်။