ကိုရီးယားကျွန်းဆွယ် ပြဿနာတွေကို ဆွေးနွေးသွားမယ်လို့ဆိုပါတယ်။

တရုတ်သမ္မတရှီကျင်းပင်က မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် ခရီးစဉ်သွားရောက်မယ်လို့ နိုင်ငံပိုင်သတင်းဌာနက ပြောပါတယ်။

(တရုတ်နိုင်ငံသို့ ကင်မ်ဂျုံအန် သွားရောက်ခဲ့စဉ်) (Photo: Huang Jingwen/Xinhua, via AP)

သမ္မတရှီကျင်းပင်က မြောက်ကိုရီးယားနိုင်ငံသို့ ဇွန်လ ၂၀ ရက်မှ ၂၁ ရက်အထိ နှစ်ရက်ကြာခရီးစဉ် သွားရောက်မှာဖြစ်ကြောင်း Xinhua သတင်းဌာနက ယမန်နေ့ (ဇွန် ၁၇ ရက်) မှာ ဖော်ပြပါတယ်။ တရုတ်သမ္မတက ၎င်းရဲ့ခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့တွေ့ဆုံပြီး ကိုရီးယားကျွန်းဆွယ်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဆွေးနွေးသွားမယ်လို့ဆိုပါတယ်။



ယခု မြောက်ကိုရီးယားခရီးစဉ်ဟာ တရုတ်ခေါင်းဆောင်တစ်ဦးက ၁၄ နှစ်အတွင်း တရုတ်ခေါင်းဆောင်တစ်ဦးက မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် သွားရောက်မှုဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ သမ္မတဖြစ်လာခဲ့တဲ့ ရှီကျင်းပင်အတွက်လည်း ပထမဆုံးခရီးစဉ် ဖြစ်ပါတယ်။

(ကင်မ်ဂျုံအန်နဲ့ ဒေါ်နယ်ထရန့် ဟနွိုင်းမြို့မှာ တွေ့ဆုံခဲ့စဉ်) (Photo: KCNA)

တရုတ်သမ္မတရဲ့ မြောက်ကိုရီးယားခရီးစဉ်ဟာ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ့် G-20 ထိပ်သီးအစည်းအဝေးမတိုင်မီ တစ်ပတ်အလိုမှာဖြစ်ပြီး ထိုအစည်းအဝေးအတွင်း တရုတ်သမ္မတရှီကျင်းပင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ တွေ့ဆုံကြမယ်လို့လည်း မျှော်လင့်ရပါတယ်။ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထရန်နဲ့ကင်မ်ဂျုံအန်တို့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးမှုဟာ အောင်မြင်မှုမရဘဲ ပြီးဆုံးခဲ့ပြီး နှစ်နိုင်ငံကြား နျူကလီးယားအရေး ဆွေးနွေးမှုတွေလည်း ရပ်တန့်နေခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တရုတ်နိုင်ငံသို့ လေးကြိမ်သွားရောက်ခဲ့ဖူးပါတယ်။ တရုတ်သမ္မတတစ်ဦးက မြောက်ကိုရီးယားကို နောက်ဆုံးအကြိမ် သွားရောက်ခဲ့မှုကတော့ ကင်မ်ဂျုံအန်ရဲ့ဖခင် ကင်မ်ဂျုံအီလ်လက်ထက် ၂၀၀၅ ခုနှစ်အတွင်း သမ္မတဟူဂျင်တောင်ရဲ့ ခရီးစဉ်ဖြစ်ခဲ့ပါတယ်။

(သမ္မတဟူဂျင်တောင်ရဲ့ မြောက်ကိုရီးယားခရီးစဉ် အထိမ်းအမှတ် တံဆိပ်ခေါင်းများ) (Photo: Getty Images)

ယခု ခရီးစဉ်တွေက မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်တွေအပေါ် ကုလသမဂ္ဂအရေးယူပိတ်ဆို့မှုတွေကို တရုတ်အစိုးရက ထောက်ခံခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်စေရန် ရည်ရွယ်ခဲ့တယ်လို့လည်း BBC က ဖော်ပြထားပါတယ်။ "တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးတွေက ကဏ္ဍသစ်ဖွင့်လှစ်လိုက်ပါပြီ" လို့ တရုတ်အစိုးရသတင်းဌာန CCTV က ညွန်းဆိုပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ယခင်ကတည်းကလည်း နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆက်ဆံမှုအလွန်းနည်းတဲ့ မြောက်ကိုရီးယားရဲ့ အနီးကပ် မဟာမိတ်ဖြစ်ခဲ့ပါတယ်။ တရုတ်က မြောက်ကိုရီးယားအပေါ် နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှုရှိတယ်လို့လည်း သုံးသပ်ထားကြပါတယ်။ တရုတ်နဲ့မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းက 'လျှာနဲ့သွားလို နီးကပ်တယ်' လို့ပင် တစ်ချိန်က သုံးနှုန်းပြောဆိုခဲဖူးပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က