ဟူနန်ပြည်နယ် အမြန်လမ်းမမှာ တိုက်မိခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုကြောင့် သေဆုံးသူအရေအတွက် ၁၈ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ယနေ့ (ဇွန်လ ၃၀ ရက်) ပြောပါတယ်။



ဇွန်လ ၂၉ ရက် ညပိုင်းမှာဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုအတွင်း အခြား လူ ၁၄ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ဟူနန်ပြည်နယ် အမြန်လမ်းမမှာ အဝေးပြေးဘတ်စ်ကားတစ်စီးနဲ့ ကုန်တင်ကားတစ်စီးတို့ ယမန်နေ့ည ဒေသစံတော်ချိန် ၈ နာရီ ၄၁ မိနစ်ဝန်းကျင်မှာ ခေါင်းချင်းဆိုင် တိုက်မိခဲ့ကြတာ ဖြစ်ပါတယ်။


အဆိုပါ အဝေးပြေးဘတ်စ်ကားဟာ ဟီနန်ပြည်နယ်ရှိ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုမှ ဖြစ်တယ်လို့ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင် ဒဏ်ရာရခဲ့သူတွေကို ဆေးရုံတင်ထားရကြောင်းနဲ့ အမြန်လမ်းမကို ပုံမှန်အတိုင်း ပြန်ဖွင့်ထားကြောင်း သိရပါတယ်။


ကားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိခဲ့တဲ့ မတော်တဆမှု ဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ဒေသအာဏာပိုင်တွေက ပြောထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က