ဧပြီ ၂၃ နဲ့၂၄ ရက်နေ့မိတ်ဆက်ဖို့စီစဉ်ထားတာပါ

ဒေါ်လာ ၂၀၀၀ နီးပါးတန်တဲ့ Samsung Galaxy Fold စမတ်ဖုန်းမှာ display ပြဿနာတွေ ရှိထားပြီးနောက် ဟောင်ကောင်နဲ့ရှန်ဟိုင်းမှာ မိတ်ဆက်မယ့် ရက် ရွှေ့ဆိုင်းထားတယ်လို့ဆိုပါတယ်။

         Samsung နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး ဖော်ပြထားတဲ့ SamMobile သတင်းမှာ Samsung ဟာ ဧပြီ ၂၃ နဲ့၂၄ တို့မှာ မိတ်ဆက်မယ့် Galaxy Fold မိတ်ဆက်ပွဲကို ရွှေ့ဆိုင်းထားတယ်လို့ဆိုပါတယ်။ ဒီသတင်းမှာတော့ ကျင်းပမယ့် နေရာပြဿနာကြောင့်လို့ဖော်ပြထားပေမယ့် အခုလို ရွှေ့ဆိုင်းရခြင်းမှာ တစ်ခြား အဆင်မပြေတာတွေလည်း ရှိမယ်လို့ဖော်ပြထားပါတယ်။



         Samsung ရဲ့ ကမ္ဘာ့ပထမဆုံး ခေါက်သိမ်းနိုင် စမတ်ဖုန်းဖြစ်တဲ့ Galaxy Fold ဟာ ပြီးခဲ့တဲ့ အပတ်က reviewer တွေ လက်ထဲရောက်ပြီး ရက်ပိုင်းအတါင်း screen အလုပ်မလုပ်တဲ့ ပြဿနာ ၊ display အဆက်နေရာမှာ တွန့်ခေါက်သွားတဲ့ ပြဿနာတွေ ကြုံခဲ့ပါတယ်။ ဒီပြဿနာတွေ ဖြစ်ပြီးနောက် Samsung ဘက်မှ အခုလို ဖြစ်ရတဲ့ အကြောင်းအရင်းကို သိရဖို့လူကိုယ်တိုင် တွေ့ပြီး အသေးစိတ် စုံစမ်းသွားမယ်လို့ထုတ်ပြန်ထားပါတယ်။

Photo: engadget

         ဖုန်းအဖြစ်ရော တက်ဘလက်လိုပါ နှစ်မျိုး သုံးနိုင်မယ့် Galaxy Fold ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က တရားဝင် မိတ်ဆက်ထားတဲ့ ဖုန်းတစ်လုံး ဖြစ်ပြီး display ဖြန့်ထားချိန် မျက်နှာပြင် ၇.၃ လက်မနဲ့ခေါက်သိမ်းချိန်မှာ ၄.၆ လက်မရှိမှာ ဖြစ်ပြီး ဖုန်းအဖွင့်အပိတ်လုပ်ရာမှာ အလွန်ပါးလွှာတဲ့ ပိုလီမာပလတ်စတစ် တစ်မျိုးကို သုံးထားတယ်လို့ဆိုပါတယ်။

         Galaxy Fold မှာ သုံးထားတဲ့ Infinity Flex Display ဟာ မိုဘိုင်း display လောကမှာ အပါးလွှာဆုံး display ဖြစ်ပြီး display ခေါက်တာ ဖွင့်တာအတွက် ကိုယ်ထည်ထဲမှာ ဝှက်ထားတဲ့ ဂီယာတွေနဲ့ ပတ္တာတစ်မျိုး ပါလာပါတယ်။ အကြိမ်ပေါင်း ၂ သိန်းကျော် ဖွင့်နိုင် ပိတ်နိုင်မယ်ဆိုတဲ့ ဒီဖုန်းကို Reviewer တွေဆီ ပေးသုံးကြည့်ရာမှာတော့ screen ပြဿနာ တက်ခဲ့ပါတယ်။

         ဒေါ်လာ ၁၉၈၀ တန် Galaxy Fold ကို လာမယ့် ဧပြီ ၂၆ ရက်နေ့အမေရိကန်ဈေးကွက်မှာ မိတ်ဆက်သွားမယ်လို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က