လူ ၈ ဦးကို ဓားဖြင့်ထိုးသတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ တရုတ်နှစ်သစ်ကူးညက မိသားစုနှစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဆိုးအတွင်း လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အမျိုးသားတစ်ဦးက မီးရှို့ခဲ့မှုနဲ့ နောက်တစ်ဦးက ဓားဖြင့် ဒေါသတကြီး တိုက်ခိုက်မှုတို့ကြောင့် လူသေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။

(တရုတ်ရဲတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်) (Photo: AFP)

တရုတ်နှစ်သစ် ဝက်နှစ်ကိုကြိုဆိုနေကြစဉ် တနင်္လာနေ့ (ဖေဖေါ်ဝါရီ ၄ ရက်) ညပိုင်းက တရုတ်မြောက်ပိုင်း ရှန်ဇီ (Shaanxi) ပြည်နယ်မှာ Lu အမည်ရှိ အမျိုးသားက ၎င်းနဲ့ညီအစ်ကိုတော်စပ်သူရဲ့ နေအိမ်ကို မီးရှို့ခဲ့မှုအတွင်း လူ ၇ ဦး သေဆုံးခဲ့ကြောင်း Baoji မြို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။



နေအိမ်မီးလောင်မှုကြောင့် မီးရှို့သူနဲ့ ညီအစ်ကိုတော်စပ်သူနဲ့ဇနီး၊ ၎င်းတို့ရဲ့ ဖခင်များနဲ့ ၎င်းတို့ရဲ့ကလေးသုံးဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo မှာ ပြောခဲ့ပါတယ်။ နေအိမ်မီးလောင်မှုဖြစ်ပြီး နာရီအနည်းငယ်အကြာမှာ မီးရှို့ခဲ့ကြောင်း သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ၎င်းက ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။

(ဘေဂျင်းမြို့မှာ တရုတ်နှစ်ကူး ဆင်နွှဲကြသူများ) (Photo: AP)

ဖေဖေါ်ဝါရီ ၄ ရက် ညပိုင်းမှာပင် ဇနီးဖြစ်သူကို အိမ်ထောင်ရေးဖောက်ပြန်ကြောင်း သံသယရှိနေတဲ့ Guo အမည်ရှိ အမျိုးသားက လူ ၈ ဦးကို ဓားဖြင့်ထိုးသတ်ခဲ့ပါတယ်။ တရုတ်အနောက်မြောက်ပိုင်း ဂန်ဆူပြည်နယ် (Gansu) ရှိ ကျေးရွာတစ်ရွာမှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်ရပ်အတွင်း အခြား လူ ၇ ဦးလည်း ဓားဒဏ်ရာရခဲ့ကြောင်း Baiyin ဒေသ ရဲတပ်ဖွဲ့က ပြောပါတယ်။

လူ ၈ ဦးကို ဓားဖြင့်ထိုးသတ်ခဲ့တဲ့ အသက် ၄၉ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးခဲ့ရမိခဲ့ကြောင်း သိရပါတယ်။ သေနတ်ကိုင်ဆောင်မှုကို တင်းကျပ်စွာ ထိန်းချုပ်ထားတဲ့ တရုတ်နိုင်ငံမှာ ဓားဖြင့်တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိတယ်လို့လည်း သိရပါတယ်။

(Map: Google Maps)

လတ်တလော ဆယ်စုနှစ်များအတွင်း စီးပွားရေးတိုးတက်လာတဲ့ တရုတ်နိုင်ငံမှာ အကြမ်းဖက်ရာဇဝတ်မှုတွေ မြင့်တက်ဖြစ်ပွားလာခဲ့ပြီး ဆင်းရဲချမ်းသာ ကွဟာမှုလည်း လျင်မြန်စွာ ပိုမိုကြီးမားလာတယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေအရ တရုတ်မှာ စိတ်ပိုင်းဆိုင်ရာ မူမမှန်ဖြစ်မှုတွေ မြင့်တက်လာပြီး အချို့ဟာ လူနေမှုဘဝဆိုင်ရာ စိတ်ဖိစီးကြောင့်ကြမှုတွေနဲ့ ဆက်စပ်နေကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က