နေ့စဥ်် မြန်မာစံတော််ချိန် နံနက် ၆ခွဲမှ ည၈နာရီအထိ ဂိတ်ဖွင့်ပေးထားတယ်လို့သိရပါတယ်။

တရုတ်-မြန်မာနယ်စပ်ရောဂါပိုးမရှိတဲ့ဒေသကဝင်လာသူတွေကိုတော့ ကျန်းမာရေးစစ်ဆေးပြီး ကောင်းမွန်ရင် Quarantine ဝင်စရာမလိုပဲ ရောဂါဖြစ်ပွားရာဒေသနဲ့ ကျန်းမာရေးမကောင်းသူတွေကိုသာ Quarantine ဝင်ဖို့ စီစဉ် ပေးတယ်လို့သိရပါတယ်။

ဓာတ်ပုံ - Thaung Tun Facebook



တရုတ်-မြန်မာ နယ်စပ်ဂိတ်ပေါက်ဖြစ်တဲ့ နန်းတော်ပေါက်ကနေ မြန်မာနိုင်ငံကို ပြန်လာနေတဲ့သူတွေကို မူဆယ် မြို့နယ် ကျန်းမာရေးဌာန၊လဝကနဲ့ပရဟိတ အဖွဲ့တွေပူးပေါင်းပြီး စစ်ဆေးပေးမှုတွေ ပြုလုပ်နေပါတယ်။

တရုတ်ကနေ ပြန်လာသူတွေကို ရောဂါပိုးမဖြစ်ပွားရာဒေသနဲ့ ရောဂါပိုး ဖြစ်ပွားရာဒေသဆိုပြီး အပိုင်းနှစ်ပိုင်းခွဲထား ကာ ရောဂါပိုး မဖြစ်ပွားရာဒေသကနေပြန်လာသူတွေကိုတော့ သက်ဆိုင်ရာရဲ့ ကျန်းမာရေး ထောက်ခံစာပါရင် Quarantine ဝင်စရာမလိုပဲ မိမိအစီအစဉ်နဲ့ သက်ဆိုင်ရာဒေသကို ပြန်ခွင့်ရှိတယ်လို့ သိရပါတယ်။

ရောဂါပိုးဖြစ်ပွားရာဒေသက ပြန်လာသူတွေနဲ့ ကျန်းမာရေး မကောင်းသူတွေကိုတော့ မူဆယ်မြို့မှာ Quarantine ဝင်နိုင်ဖို့ စီစဉ်ပေးပါတယ်လို့ တရုတ်ပြည်က ပြန်လာသူတွေကို တရုတ်-မြန်မာနယ်စပ် နန်းတော်ပေါက်မှာ ကူညီ ‌ဆောင်ရွက်ပေးနေတဲ့ ဂရုဏာ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးသောင်းထွန်းက Duwunကိုပြောပါတယ်။

ဓာတ်ပုံ - Thaung Tun Facebook

“တချို့ တရုတ်မြန်မာနယ်စပ်ရောဂါပိုးမရှိတဲ့ ဒေသတွေက ဝင်လာသူတွေကိုတော့ ကျန်းမာရေးစစ်ဆေးပြီး ကျန်းမာရေးကောင်းတယ်ဆိုရင် ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ခွင့် ပြုပါတယ်။ ရောဂါဖြစ်ပွားနေတဲ့ ဒေသကနေ ပြန်လာသူတွေ နေမကောင်းဖြစ်နေသူတွေကိုတော့ Quarantine ဝင်ဖို့ စီစဉ် ပေးပါတယ်။Quarantine ဝင်ရာ မှာလည်း နေ၊ထိုင်၊စားသောက်မှု အဆင်ပြေအောင် ကျွန်တော်တို့ အကုန်လုပ်ပေးပါတယ်။ ပြည့်တဲ့အခါလည်း စရိတ်ငြိမ်းစီစဉ်ပေးပါတယ်။”လို့ ဦးသောင်းထွန်းက ပြောပါတယ်။

မနေ့က ဧပြီလ ၃၀ရက်နေ့မှာတော့ တရုတ်ပြည်ဖက်က ပြန်ဝင်လာသူ ၄၀၀ကျော်ရှိပြီး မူဆယ်ဖက်မှာ Quarantine ၂၁ရက်ပြည့်လို့ သက်ဆိုင်ရာဒေသအသီးသီးကိုပြန်သူ ၉၀ ယောက်ရှိတယ်လို့လည်း သိရပါသေး တယ်။ နေ့စဉ် တရုတ်-မြန်မာ နယ်စပ်ဂိတ်ကိုတော့ မြန်မာစံတော်ချိန် နံနက် ၆ခွဲကနေ ည ၈ နာရီအထိ ဖွင့်လှစ်ပေးပြီး ပြည်တော်ပြန်တွေကို လက်ခံပေးနေတယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က