ဒုံးပျံကို နိုင်ငံတောင်ပိုင်း Wenchang လွှတ်တင်ရေးစခန်းကနေ လွှတ်တင်လိုက်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ဒုံးပျံအသစ်တစ်စင်းနဲ့ ရှေ့ပြေးပုံစံ အာကာသယာဥ်ကို မေ ၅ ရက်နေ့မှာ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း အစိုးရမီဒီယာက ပြောပါတယ်။

(Photo: Xinhua/News.CN)

ယခု လွှတ်တင်မှုဟာ တရုတ်အစိုးရဲ့ အမြဲတမ်းအခြေချ အာကာသစခန်းတည်ဆောက်ရန်နဲ့ လပေါ်သို့ အာကာသယာဥ်မှူးများ စေလွှတ်ရန် ရည်မှန်းချက်တွေရဲ့ အဓိက စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ တရုတ်ရဲ့ ဒုံးပျံအသစ် Long March-5B ကို နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းပေါ်ရှိ Wenchang လွှတ်တင်ရေးစခန်းကနေ လွှတ်တင်လိုက်ပြီး ၈ မိနစ်အကြာမှာတော့ လူလိုက်ပါခြင်းမရှိတဲ့ ရှေ့ပြေးပုံစံ အာကာသယာဥ်ကို ဒုံးပျံကနေ အောင်မြင်စွာ သီးခြားခွဲထုတ်ခဲ့ကာ စီစဥ်ထားတဲ့အတိုင်း ဂြိုဟ်ပတ်လမ်းအတွင်း ဝင်ရောက်ခဲ့ကြောင်း Xinhua သတင်းဌာနက ပြောပါတယ်။



(Photo: Luo Yunfei/China News Service)

ထို့အတူ စမ်းသပ်ပုံစံ ကုန်စည်ပို့ဆောင်ရေးအခန်းကိုလည်း ဒုံးပျံကနေ အောင်မြင်စွာ သီးခြားခွဲထုတ်နိုင်ခဲ့ကြောင်း Xinhua က ဖြည့်စွက် ဖော်ပြထားပါတယ်။ ယခု လွှတ်တင်ခဲ့တဲ့ ရှေ့ပြေးပုံစံ အာကာသယာဥ်ဟာ ၂၀၂၂ ခုနှစ်မှာ အပြီးသတ်ရန် တရုတ်က စီစဥ်ထားတဲ့ အာကာသစခန်းသို့ တစ်နေ့မှာ အာကာသယာဥ်မှူးတွေကို ပို့ဆောင်ပေးသွားနိုင်ပြီး နောက်ဆုံးမှာတော့ လပေါ်ကို သွားရောက်နိုင်မယ်လို့ ဆိုပါတယ်။ တရုတ်ရဲ့ အာကာသယာဥ်ကို လူခြောက်ဦး လိုက်ပါနိုင်ရန် ပုံစံထုတ်တည်ဆောက်ထားကြောင်းလည်း သိရပါတယ်။

(Photo: Xinhua/News.CN)

ယခု စမ်းသပ်မစ်ရှင်က အာကာသယာဥ် ကမ္ဘာ့လေထုအတွင်းသို့ ပြန်လည်ဝင်ရောက်မှုကို ထိန်းချုပ်မှု၊ အပူဒဏ်ကာကွယ်နိုင်မှုနဲ့ နည်းပညာ ပြန်လည်ဆယ်ယူခြင်း အပါအဝင် အဓိကကျတဲ့ နည်းပညာတွေကို စမ်းသပ်သွားမယ်လို့ China Academy of Space Technology မှ Yang Qing က မတ်လအတွင်း Xinhua ကို ပြောခဲ့ပါတယ်။ ၎င်းဟာ အာကာသယာဥ်ဒီဇိုင်းကို ရေးဆွဲခဲ့သူလည်း ဖြစ်ပါတယ်။

တရုတ်က လွှတ်တင်ခဲ့တဲ့ အရှည် ၁၇၇ ပေရှိ Long March-5B ဒုံးပျံဟာ အလေးချိန် ၈၄၉ တန်ကို သယ်ဆောင်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံတွေအနက် အမေရိကန်တစ်နိုင်ငံတည်းကသာ လပေါ်ကို လူသားများ အောင်မြင်စွာ စေလွှတ်ထားနိုင်တဲ့ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ 

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က