ကျွန်တော်တို့ရော တစ်နေ့ကို ဖုန်းဘယ်လောက်ကြာအောင် သုံးနေမိပြီလဲ

တရုတ်နိုင်ငံသားတွေဟာ မိုဘိုင်းဖုန်းပေါ်ကနေ အွန်လိုင်းအသုံးပြုမှု မြင့်တက်လာနေတယ်လို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။


သုတေသနကုမ္ပဏီတစ်ခု ဖြစ်တဲ့ QuestMobile ရဲ့ အစီရင်ခံစာအရ ၂၀၁၉ နှစ်ဆန်းပိုင်းကနေ နိုဝင်ဘာလကုန်အထိ တရုတ်နိုင်ငံသားတစ်ယောက်ချင်းစီရဲ့ ဖုန်းနဲ့ အွန်လိုင်းအသုံးပြုမှုဟာ တစ်နေ့ကို ပျမ်းမျှ ၆.၂ နာရီကျော် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တစ်နည်းအားဖြင့် တစ်ပတ်အတွင်းမှာ အွန်လိုင်းအသုံးပြုတဲ့ ကြာချိန်ဟာ ၁.၈ ရက်ရှိလာတာ ဖြစ်ပါတယ်။

Photo: SCMP


အချက်အလက်တွေအရ ဒါဟာ ပြီးခဲ့တဲ့နှစ်ကာလတူကထက် ၁၁.၃ % ပိုမြင့်တက်လာတာပါ။ လအလိုက် app သုံးတဲ့ ပျမ်းမျှ အရေအတွက်ဟာ ၂၀၁၈ မှာ ၂၁.၃ ခု ရှိရာကနေ ၂၀၁၉ မှာတော့ ၂၃.၆ ခုအထိ တက်လာခဲ့တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလက eMarketer ကနေ လုပ်တဲ့ သီးသန့်သုတေသနတစ်ခုမှာတော့ အရွယ်ရောက်ပြီး အမေရိကန်နိုင်ငံသားတွေဟာ မိုဘိုင်းဖုန်းပေါ်မှာ တစ်နေ့ကို ပျမ်းမျှ ၃ နာရီ ၄၃ မိနစ် အချိန်ကုန်လေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ အင်တာနက်ကွန်ရက် သတင်းအချက်အလက် စင်တာ CNNIC ရဲ့ အချက်အလက်အရ ၂၀၁၉ ဇွန်လအထိ တရုတ်နိုင်ငံမှာ အင်တာနက်သုံးသူဦးရေဟာ ၈၄၇ သန်းကျော် ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ မိုဘိုင်းအင်တာနက် သုံးစွဲသူဦးရေဟာ ၁၀ နှစ်အတွင်း ၅ ဆ တက်လာတာလည်း ဖြစ်ပါတယ်။

စမတ်ထုတ်ကုန်တွေ ဖြစ်တဲ့ စမတ်စပီကာနဲ့ wearable နည်းပညာထုတ်ကုန်တွေနဲ့ ဆက်စပ်တဲ့ apps သုံးစွဲသူဦးရေဟာလည်း ပြီးခဲ့တဲ့နှစ်ကထက် ၁၆.၈% ခုန်တက်ခဲ့ပြီး သန်း ၁၂၀ နီးပါး ရောက်ရှိလာခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး အင်တာနက်သုံးစွဲတဲ့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း Live streaming လွှင့်တဲ့ ဝန်ဆောင်မှုသုံးစွဲသူ ၄၃၃ သန််းအထိ ရှိတယ်လို့လည်း CNNIC အချက်အလက်တွေက ဖော်ပြနေပါတယ်။

Share

Loading Next Article...
က္က