FCC ဟာ ခွင့်ပြုချက်ပေးထားတဲ့ တရုတ်တယ်လီကွန်းလုပ်ငန်းနှစ်ခုပေါ် စုံစမ်းစစ်ဆေးမှု လုပ်နေပါတယ်

အမေရိကန်ဆီးနိတ်လွှတ်တော်အမတ် ၂ ဦးဟာ တရုတ်နိုင်ငံပိုင် တယ်လီကွန်း ၂ ခုကို အမေရိကန်မှာ လုပ်ငန်းလုပ်ဆောင်ခွင့် ပေးသင့်မပေးသင့် ပြန်သုံးသပ်ဖို့ဖက်ထရယ် ဆက်သွယ်ရေး ကော်မရှင် FCC ကိုတောင်းဆိုလိုက်ပါတယ်။


ဒီမိုကရက်တစ် အမတ်ခေါင်းဆောင် ချက်ရှုမားနဲ့ရီပတ်ဘလစ်ကန်အမတ် တွမ်ကော်တန်တို့က FCC ဥက္ကဌ အဂျစ်ပိုင်ကို ၂၀၀၀ ပြည့်နှစ်ဆန်းပိုင်းက China Telecom နဲ့China Unicom တို့ကို အမေရိကန်မှာ လုပ်ငန်းလုပ်ဆောင်ခွင့်ပြုမှုကို ပြန်လည် စစ်ဆေးဖို့တောင်းဆိုလိုက်တာ ဖြစ်တယ်လို့South China Morning Post သတင်းက ဖော်ပြထားပါတယ်။

ဒီမိုကရက်တစ် အမတ်ခေါင်းဆောင် ချက်ရှုမား (ညာ) နှင့် ရီပတ်ဘလစ်ကန်အမတ် တွမ်ကော်တန် (ဘယ်) (Photo: PressFrom)


" ဒီနိုင်ငံပိုင် ကုမ္ပဏီတွေဟာ ကျွန်တော်တို့ရဲ့ တယ်လီဖုန်းလိုင်းတွေ ၊ ဖိုက်ဘာဆက်သွယ်ရေးလမ်းကြောင်းတွေ ၊ ဆယ်လူလာကွန်ရက်တွေနဲ့ဂြိုလ်တုတွေကို ရယူနေပြီး တရုတ်ကို ပြန်ပို့နိုင်ပါတယ်။ ဒီနည်းနဲ့သူတို့ဟာ အမေရိကန်အစိုးရနဲ့အမေရိကန်တွေရဲ့ ဆက်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားနိုင်ပါတယ်။ " လို့ကာကွယ်ရေးနဲ့ပြည်ထဲရေးကို လိပ်မူထားတဲ့ စာမှာ လွှတ်တော်အမတ်တွေက ရေးသားခဲ့ပါတယ်။

အခု သတိပေးချက်ထဲမှာ တယ်လီကွန်းဆက်သွယ်ရေး လမ်းကြောင်းတွေကို တရုတ်ကနေ လှမ်းပြီး Hijacking လုပ်တာတွေလည်း ပါလာနိုင်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလထဲမှာ FCC ဟာ နောက်ထပ် တရုတ်တယ်လီကွန်း ကုမ္ပဏီတစ်ခု ဖြစ်တဲ့ China Mobile ကို အမေရိကန်မှာ ဝန်ဆောင်မှုပေးခွင့် ငြင်းပယ်ဖို့တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။

FCC အနေနဲ့အမေရိကန်အတွင်း တယ်လီကွန်းဝန်ဆောင်မှုပေးခွင့်ကို အသုံးချပြီး တရုတ်အစိုးရဘက်မှ အမေရိကန်အစိုးရကို သူလျှိုထောက်လှမ်းမှု လုပ်ဆောင်မှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။ China Mobile ကို ပါမစ်ပေးဖို့ငြင်းပြီးနောက် လက်ရှိ တရုတ်တယ်လီကွန်းတွေကို ခွင့်ပြုချက်ပေးထားတဲ့ အပေါ်ကိုလည်း ပြန်လည်သုံးသပ်သွားမယ်လို့FCC က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

FCC ဥက္ကဌ အဂျစ်ပိုင် ( Photo: The Verge)

China Telecom ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဂီယုက ကုမ္ပဏီအနေနဲ့အမေရိကန်ကော်ပိုရေးရှင်းတွေအတွက် နှစ်ပေါင်း ၂၀ နီးပါး တယ်လီကွန်း ဝန်ဆောင်မှုတွေ ပေးခဲ့တာ ဖြစ်ပြီး ဖောက်သည်တွေရဲ့ အချက်အလက်ကာကွယ်ရေးကို ဦးစားပေးခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး တယ်လီကွန်းတွေထဲက တစ်ခုအဖြစ် နာမည်ဂုဏ်သတင်းကောင်းတစ်ခု တည်ဆောက်ထားတယ်လို့ပြောကြားထားပါတယ်။


FCC အနေနဲ့China Telecom နဲ့China Unicom တို့ကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေချိန်မှာ အခုလိုမျိုး လွှတ်တော်အမတ်တွေဘက်က တောင်းဆိုတဲ့ စာထွက်လာတာဟာ တရုတ်နည်းပညာကုမ္ပဏီတွေပေါ် ဖိအားပေးချင်တာလည်း ဖြစ်နိုင်ပါတယ်။ သမ္မတထရမ့်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ကုန်သွယ်ရေး ပိတ်ပင်မှု လုပ်ထားတဲ့ Huawei ပေါ် ဖြေလျှော့မှုများ ထပ်မံလုပ်ဆောင်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က