ရပ်ရှ်ဖို့ဒ်က ပုံမှန်နေရာ ပျောက်ဆုံးသွားခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က အသင်းရဲ့ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အနေနဲ့ အသင်းမှာ ပုံမှန်တစ်နေရာကို ပြန်ရဖို့ ကိုယ့်အပေါ်မှာသာ မူတည်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီလိုမျိုး ပြောကြားတဲ့နေရာမှာ ယူနိုက်တက်အတွက် ပြန်လည်ခြေစွမ်းပြနေတဲ့ မက်ဂွိုင်းရား၊​ တွမ်မီနေးတို့နဲ့ နှိုင်းယှဉ် ဥပမာပေးခဲ့ပါတယ်။



ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၂) ဂိုးသာ ရရှိထားပါသေးတယ်။ ပြီးခဲ့တဲ့ကြားရက်မှာ ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာတော့ ရပ်ရှ်ဖို့ဒ်တစ်ယောက် ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ပြီး ပရိသတ်အချို့က သူ့ကို လှောင်ပြောင်ခဲ့ကြပါတယ်။
အဆိုပါ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းကို မမီနိုင်ဘဲ လက်ရှိမှာတော့ ပွဲထွက်ခွင့် ဆုံးရှုံးလိုက်ရတာပါ။ တန်ဟက်ခ်က “ရပ်ရှ်ဖို့ဒ်က အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစားသမားကောင်းတစ်ယောက်ပါ။ ကစားသမား (၁၁) ယောက်တည်းနဲ့လည်း ပွဲတိုင်း ကစားနေလို့ မရပါဘူး”
“ရပ်ရှ်ဖို့ဒ်အနေနဲ့ ပွဲတိုင်း မကစားနိုင်ပါဘူး။ နောက်ပြီး သူက အခုချိန်မှာ ပြီးခဲ့တဲ့နှစ်ကလို ခြေစွမ်းမျိုးမှာ မရှိနေပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုက သူ ဒီခြေစွမ်းကို ပြန်ရပါလိမ့်မယ်။ ကျွန်တော် တွမ်မီနေး၊ မက်ဂွိုင်းရားတို့အကြောင်းတွေကို ပြောခဲ့တုန်းက ဒါတွေက သူတို့အပေါ်မှာ မူတည်တယ်လို့ ပြောခဲ့ပါတယ်”
“အသင်းလိုက်အနေနဲ့ကတော့ အကောင်းဆုံး ကစားသမားတွေနဲ့ပဲ အကောင်းဆုံး အသင်းတစ်သင်းကို ကစားရပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ တွမ်မီနေးက ယူနိုက်တက်အတွက် ခြေစွမ်းပြ ဂိုးသွင်းယူနေသလို မက်ဂွိုင်းရားကလည်း အသင်းရဲ့ အဓိကဗဟိုနောက်ခံလူအဖြစ် အကောင်းဆုံး ခြေစွမ်းပြလျက်ရှိနေပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က