နှစ်ဂိုးသွင်းလိုက်ကွာလို့ ပြောခဲ့တဲ့အကြောင်း နောက်ပြောင်သွားခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က မနေ့ညက ဘရန့်ဖို့ဒ်နဲ့ပွဲမှာ သူရဲကောင်းဖြစ်ခဲ့တဲ့ တွမ်မီနေးကို ကွင်းထဲ လူစားမဝင်ခင်မှာ ဘာမှာလိုက်လဲဆိုတာ ဖွင့်ဟပြောကြားလိုက်ပါတယ်။ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ တွမ်မီနေးက အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးနှစ်ဂိုး သွင်းယူပြီး သူရဲကောင်းဖြစ်ခဲ့တာပါ။



ဒီပွဲမှာ ယူနိုက်တက်တို့ ပထမပိုင်းကတည်းက ပြိုင်ဘက်ကစားသမား ဂျန်ဆန်ရဲ့ ဦးဆောင်မှုကြောင့် မိနစ် (၉၀) အထိ တစ်ဂိုးဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့တာပါ။ ဒါပေမယ့် ပွဲကစားချိန် (၈၇) မိနစ်မှာ တွမ်မီနေးကို လူစားဝင်စေခဲ့တာက ယူနိုက်တက်ကို အရာအားလုံး ပြောင်းလဲစေခဲ့ပါတယ်။

တွမ်မီနေးဟာ ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပိုတွေမှာ အသင်းအတွက် နှစ်ဂိုးဆက်တိုက် သွင်းယူခဲ့ပြီး ယူနိုက်တက်ကလည်း ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက်သမိုင်းတစ်လျှောက် မိနစ် (၉၀) အထိ ရှုံးနိမ့်နေပြီးမှ ပြန်လာနိုင်ခဲ့တဲ့ ပထမဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာ တန်ဟက်ခ်က “ကျွန်တော် တွမ်မီနေးကို နှစ်ဂိုးသွင်းခဲ့ကွာဆိုပြီး မှာလိုက်တာပါ” လို့ ရယ်မောရင်း နောက်ပြောင်ခဲ့ပါတယ်။ ဆက်လက်ပြီး တန်ဟက်ခ်က “ခင်ဗျားတို့အနေနဲ့ တွမ်မီနေးက ယူနိုက်တက်ရဲ့ ပုံစံအတိုင်းဆိုတာကို သိမှာပါ။ သူက အသင်းရဲ့အမှတ်တံဆိပ်အတွက် ဘဝကိုပါ ရင်းပြီး ကစားပေးနေတာပါ”

“သူ လူစားဝင်လာချိန်မှာ အသင်းအတွက် အများကြီး လုပ်ပေးခဲ့ပြီး ဒါက အဆုံးအဖြတ်ဖြစ်သွားပါတယ်။ ဘန်လေနဲ့ပွဲမှာ သူကစားခဲ့တာကိုလည်း ခင်ဗျားတို့ မြင်မှာပါ။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း သူကစားနိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် သူဖျားနေခဲ့ပြီး အခြား ကစားသမားတွေက သူ့နေရာကို ဝင်ယူသွားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က