မော်ဂန်ကတော့ အချိန်အခါကောင်းကို အမြဲတမ်းစောင့်နေခဲ့တာပါ။

အာဆင်နယ်နဲ့ ရော်နယ်ဒို ပရိသတ်တစ်ယောက်လည်းဖြစ်၊ ရုပ်သံအစီအစဉ်တင်ဆက်သူလည်းဖြစ်တဲ့ ပီယာ့စ်မော်ဂန်က ယူနိုက်တက်၊ တန်ဟက်ခ်နဲ့ မီဒီယာတွေ ပြဿနာဖြစ်ပွားတဲ့အပေါ် မီးဝင်မွှေးခဲ့ပြန်ပါတယ်။ ယူနိုက်တက်ဟာ မီဒီယာလေးခုကို အသင်းရဲ့ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခွင့် ပိတ်ပင်ခဲ့တာပါ။



ဗြိတိန်ရဲ့ နာမည်ကြီးမီဒီယာတွေဖြစ်တဲ့ မန်ချက်စတာညနေခင်းသတင်းဌာန၊ ESPN, Mirror နဲ့ Sky Sports တို့ကို ယူနိုက်တက်က အခုလိုမျိုး ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ အကြောင်းရင်းကတော့ အဆိုပါ သတင်းဌာနတွေအနေနဲ့ အကြောင်းအရင်း ခိုင်မာမှုမရှိဘဲ တန်ဟက်ခ်နဲ့ ကစားသမားတွေအကြား ဆက်ဆံရေးပြိုကွဲနေပြီလို့ ဖော်ပြခဲ့တာကြောင့်ပါ။

အဆိုပါ သတင်းဌာနတွေဟာ မနေ့က ပြုလုပ်ခဲ့တဲ့ ချဲလ်ဆီးပွဲအတွက် ယူနိုက်တက်ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခွင့် မရရှိခဲ့ပါဘူး။ တန်ဟက်ခ်ကိုယ်တိုင်လည်း သတင်းမှားတွေသာဖြစ်ကြောင်း ပြန်လည် ငြင်းဆိုထားပါတယ်။
ဒီလိုအချိန်မျိုးမှာပဲ မော်ဂန်က “သတိပေးတာပါ။ ရော်နယ်ဒို ကျွန်တော့်ကို လွန်ခဲ့တဲ့ တစ်နှစ်က ပြောခဲ့တဲ့ တန်ဟက်ခ်နဲ့ ယူနိုက်တက်အကြောင်းတွေက မှန်ကန်တယ်ဆိုပြီး သက်သေပြခဲ့ပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ မော်ဂန်နဲ့ သီးသန့်ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်အပြီးမှာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရတာပါ။
အဆိုပါ အင်တာဗျူးမှာ ရော်နယ်ဒိုက တန်ဟက်ခ်၊ ယူနိုက်တက်နဲ့ အသင်းဖော်အချို့ကို လူသိရှင်ကြား ဝေဖန်ပြောကြားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီး ဆော်ဒီကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့သွားခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က