ဝစ်ချ်နယ်လ်ဒမ်းရဲ့ အနာဂတ်ကလည်း လှုပ်ခတ်နေတာပါ။

ပြင်သစ် လီဂူးကလပ် ပီအက်စ်ဂျီမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ဝစ်ချ်နယ်ဒမ်းဟာ အာဆင်နယ်မှာ လာရောက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီကမှ လီဗာပူးကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။



လက်ရှိအချိန်မှာ အာဆင်နယ်က ကွင်းလယ်ကစားသမားနဲ့ တိုက်စစ်မှူးရှာဖွေနေရပြီး တရက်အတွင်းမှာပဲ အဓိကပစ်မှတ်ကစားသမားတွေဖြစ်တဲ့ ဗလာဟိုဗစ်နဲ့ ဘရူနိုဂွီမာရက်စ်တို့ကို လက်လွှတ်ခဲ့ရပါတယ်။ ဒါပေမယ့် ဝစ်ချ်နယ်လ်ဒမ်းကတော့ လက်ရှိပီအက်စ်ဂျီမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရတာကြောင့် အငှားနဲ့ ထွက်ကစားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဝစ်ချ်နယ်လ်ဒမ်းဟာ ဒီရာသီ ပြင်သစ်လီဂူးမှာ ပွဲထွက် ကစားသမားအဖြစ် (၁၁) ပွဲသာ ပါဝင်ကစားထားရပြီး ပီအက်စ်ဂျီကတော့ သူ့ကိုရောင်းထုတ်ဖို့ အစီအစဥ်မရှိသေးပါဘူး။ ဒါပေမယ့် ပီအက်စ်ဂျီအနေနဲ့ စပါးက အလီ ဒါမှမဟုတ် အန်ဒွန်ဘီလီတယောက်ယောက်ကိုခေါ်ဖြစ်ခဲ့ရင်တော့ အခြေအနေက ပြောင်းလဲသွားနိုင်ပါတယ်။

သတင်းထောက် ဆိုဟဲလ်ကိုက စကိုင်းစပေါ့နဲ့တွေ့ဆုံရာမှာ “ဝစ်ချ်နယ်လ်ဒမ်းက ဒီနေ့ ဒါမှမဟုတ် လာမယ့်နွေရာသီမှာ အသင်းပြောင်းမယ်လို့ ကျနော်မပြောလိုပါဘူး။ ဒါပေမယ့် သူ ပရီးမီးယားလိဂ်ကို ပြန်ချင်ပြီး အာဆင်နယ်အတွက် ကစားပေးချင်နေပါတယ်”

“အာဆင်နယ်က ဝစ်ချ်နယ်လ်ဒမ်းကြီးပြင်းလာတဲ့အချိန်မှာ အများကြီး လေးစားအားကျရတဲ့ အသင်းတသင်းဖြစ်ပြီး သူ့အတွက် ကမ်းလှမ်းမှုတခု သေချာပေါက် ပြုလုပ်လာနိုင်ပါတယ်။ ပီအက်စ်ဂျီသာ အန်ဒွန်ဘီလီကို ခေါ်ယူဖြစ်ခဲ့ရင် သူတို့ဆီမှာရှိတဲ့ ကွင်းလယ်ကစားသမားတယောက်ကို လက်လွှတ်ခံနိုင်မလား? အဲ့ဒါဆိုရင်တော့ ဝစ်ချ်နယ်လ်ဒမ်းက အာဆင်နယ်အတွက် ရွေးချယ်စရာဖြစ်လာပါပြီ”

“အာဆင်နယ်က ကွင်းလယ်ကစားသမား ရှာနေတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီကလည်း ဝစ်ချ်နယ်လ်ဒမ်းကို လက်လွှတ်မခံချင်ဘူး ပြောထားပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က