ဟက်ကာဟာ Twitch အချက်အလက်ပေါက်ကြားမှုမှာ ဒေတာပေါင်း 125GB ကျော် ရထားတယ်လို့ ဆိုပါတယ်။

      နာမည်ကျော် အွန်လိုင်း Gaming ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Twitch ထဲက အချက်အလက်တွေကို အမည်မသိဟက်ကာတစ်ယောက်က ထိုးဖောက်တိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။

           Twitch ကို တိုက်ခိုက်သွားတဲ့ ဟက်ကာဟာ ကုမ္ပဏီရဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေနဲ့ Streamers တွေရဲ့ ဝင်ငွေတွေပါ ဖွင့်ချသွားခဲ့တာပါ။ ဗုဒ္ဓဟူးနေ့မှာ ဒေတာ 100GB ကျော်ရှိတဲ့ Twitch အချက်အလက်တွေ အွန်လိုင်းပေါ် ရောက်ခဲ့တယ်လို့ BBC သတင်းက ဆိုပါတယ်။ ပေါက်ကြားသွားခဲ့တဲ့ အထောက်အထားတွေအရ Twitch ရဲ့ ထိပ်တန်း Streamers တွေဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ကုမ္ပဏီဆီကနေ ဒေါ်လာသန်းပေါင်းများစွာ ရှာနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။




Photo: CNBC

           Amazon ပိုင် လူမှုကွန်ရက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Twitch ဘက်ကလည်း အချက်အလက်ပေါက်ကြားမှုအကြောင်း အတည်ပြုခဲ့ပြီး ဘယ်လောက်ထိ သက်ရောက်မှုရှိသလဲဆိုတာကို သိဖို့ အ‌ရေးတကြီးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ Twitter ပေါ်မှာ တင်ထားတဲ့ ထုတ်ပြန်ချက်မှာ ကုမ္ပဏီအနေနဲ့ သတင်းအချက်အလက်သစ် သိသိခြင်း အသိပေးမှုလုပ်သွားမယ်လို့လည်း ပြောထားပါတယ်။

           Twitch စနစ်ထဲ ထိုးဖောက်နိုင်ခဲ့တဲ့ အမည်မသိဟက်ကာဟာ 4chan လို့ခေါ်တဲ့ မက်ဆေ့ပလက်ဖောင်းပေါ်မှာ "အွန်လိုင်းဗွီဒီယိုလွှင့်တင်ရေးလောကထဲ ပြိုင်ဆိုင်မှုနဲ့ အပြောင်းအလဲသစ်တွေ ဖြစ်လာစေဖို့ သတင်းအချက်အလက်တွေ ဖွင့်ထုတ်လိုက်တာ" လို့ ရေးထားပါတယ်။ Twitch community ကိုလည်း ရွံစရာ အဆိပ်သင့်နေတဲ့ နေရာတစ်ခုအဖြစ် ပြောထားပါတယ်။ 4chan ပို့စ်အရ ဟက်ကာဟာ Twitch အချက်အလက်ပေါက်ကြားမှုမှာ ဒေတာပေါင်း 125GB ကျော် ရထားတယ်လို့ ဆိုပါတယ်။


Photo: Financial Times


           ပါသွားတဲ့ Twitch အချက်အလက်တွေဲမှာ Twitch ရဲ့ Source Code နဲ့ နောက်လာမယ့် Amazon Game Studio ရဲ့ ရှေ့ရေးအစီအစဉ်တွေလည်း ပါဝင်သွားပါတယ်။ Amazon Game Studio ရဲ့ ရှေ့လာမယ့် အစီအစဉ်တွေထဲမှာ ပြိုင်ဘက်လုပ်ငန်းဖြစ်တဲ့ Stream ကို ယှဉ်မယ့် ကွန်ပျူတာဂိမ်းအွန်လိုင်းစတိုးတစ်ခု ဖွင့်မယ့်အစီအစဉ်လည်း ပါနေပါတယ်။ Amazon Game Studios ရဲ့ ကိုယ်စားလှယ်ကတော့ ဒီအပေါ် မှတ်ချက်ပြု ပြောကြားခြင်း မရှိပါဘူး။

           Amazon ဟာ ၂၀၁၄ မှာ Twitch ကို ဒေါ်လာ ၁ ဘီလျံနီးပါး ပေးပြီး ဝယ်ခဲ့တာပါ။ စပြီး ဝယ်ယူချိန်က Twitch ပလက်ဖောင်းဟာ ဗွီဒီယိုဂိမ်းဝါသနာအိုးတွေအတွက် ဗွီဒီယိုနဲ့ တိုက်ရိုက် Livestreams လွှင့်ဖို့ ပစ်မှတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က