တကယ့်ထိပ်တန်းအသင်းတွေကိုချည်း သူ ပိုင်ဆိုင်မှာပါ။

Tesla လျှပ်စစ်ကားကုမ္ပဏီ နဲ့ Space X အာကာသယာဉ်ကုမ္ပဏီတွေရဲ့ CEO ဖြစ်တဲ့ အီလွန်မက်စ်ဟာ တွစ်တာကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူခဲ့ပြီးဖြစ်ပါတယ်။ သုံးစွဲသူပေါင်း သန်းရာနဲ့ချီကာရှိနေတဲ့ လူမှုကွန်ယက်ကို ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးက ပိုင်ဆိုင်ခဲ့ပြီဖြစ်ပြီး သူ့ရဲ့ ဝယ်ယူမှုအပေါ်မှာ အားလုံးက အံ့အားသင့်ခဲ့ရပါတယ်။ 

တွစ်တာကို သူ မဝယ်ယူခင်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူဖို့အတွက် အသင်းပရိသတ်တွေက တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ အခုအခါမှာ ESPN က အီလွန်မက်စ်အနေနဲ့ တွစ်တာကို ဝယ်ယူခဲ့တဲ့ ဒေါ်လာ ၄၄ ဘီလျံကို ဘောလုံးအသင်းတွေကိုသာ ဝယ်ယူမယ်ဆိုရင် ဥရောပရဲ့ ထိပ်တန်းအသင်း ၁၅ သင်းအထိကို ဝယ်ယူနိုင်တယ်လို့ တွက်ချက်ပြခဲ့ပါတယ်။ 

သူတို့ရဲ့ တွက်ချက်မှုအရ အီလွန်မက်စ်သာ အမှန်တကယ် အဲဒီလိုဝယ်ယူမယ်ဆိုရင် ကမ္ဘာကျော်ဘောလုံးအသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်ယူနိုက်တက်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ အာဆင်နယ်၊ စပါး၊ အဲဗာတန်၊ ဂျူဗီ၊ အင်တာ၊ ဘိုင်ယန်၊ ဒေါ့မွန်၊ ပီအက်စ်ဂျီတို့လို အသင်းအားလုံးကို ပိုင်ဆိုင်မှာလည်းဖြစ်ပါတယ်။ 

အဆိုပါအသင်းတွေဟာ ဘောလုံးလောကမှာ အချမ်းသာဆုံးအသင်းတွေဖြစ်သလို ပရိသတ်အားပေးမှုလည်း အများအပြားပိုင်ဆိုင်ထားတဲ့ အသင်းတွေဖြစ်ပါတယ်။ အီလွန်မက်စ်ကတော့ ဒေါ်လာဘီလျံပေါင်း ရာနဲ့ချီပြီးတော့ကို ချမ်းသာကြွယ်၀သူဖြစ်ကာ Forbes မဂ္ဂဇင်းက ထုတ်ပြန်ထားတဲ့ ကမ္ဘာ့အချမ်းသာဆုံးလူပုဂ္ဂိုလ်စာရင်းမှာ အားလုံးထက်အပြတ်အသတ်ကို ကြွယ်၀ချမ်းသာနေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က