Twitter ရဲ့ CEO ဖြစ်သူ ဂျက်ဒေါ်ဆီရဲ့ Twitter အကောင့်ကို သောကြာနေ့နေ့လည်က ဟက်ကာတစ်ဖွဲ့မှ ဆိုက်ဘာတိုက်ခိုက်မှူတစ်ခု လုပ်သွားခဲ့ပါတယ်။
Chuckle Squad လို့ခေါ်တဲ့ ဟက်ကာအဖွဲ့တစ်ဖွဲ့ဟာ ဂျက်ဒေါ်ဆီရဲ့ Twitter အကောင့်ကို ဟက်ခ်ခဲ့ပြီး လူမျိုးရေး အသရေဖျက်တဲ့ မက်ဆေ့တွေ ၊ ဂျူးဆန့်ကျင်ရေးဆိုင်ရာTweets များ တင်ခဲ့ပါတယ်။ GSMArena ကနေ တက်လာတဲ့ သတင်းအရ ဂျက်ဒေါ်ဆီရဲ့ ကိုယ်ပိုင် Twitter အကောင့်ကနေ ဒီဟက်ကာအဖွဲ့ဟာ Tweets ပေါင်း ၁၇ ခု အထိ တင်ခဲ့တယ်လို့ဆိုပါတယ်။
BBC: Tech Crunch
အခုချိန်မှာ ပြန်ဖျက်ထားပြီ ဖြစ်တဲ့ ဒီ Tweetsတွေဟာ ၁၀ မိနစ်ကြာမျှ လူမှုကွန်ရက်ပေါ် ရှိနေခဲ့တာ ဖြစ်ပါတယ်။ Tတိုက်ခိုက်မှု ဖြစ်ပွားပြီး ၁ နာရီခွဲခန့်အကြာမှာ witter ကတော့ အကောင့်လည်း လုံခြုံသွားပြီ ဖြစ်သလို Twitter ရဲ့ စနစ်လည်း ပေါက်ကြားမှု မရှိဘူးလို့ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်သွားတဲ့ ဟက်ကာတွေဟာ SIM swapping လို့ခေါ်တဲ့ အော်ပရေတာတစ်ခုကနေ ပျောက်သွား/ပျက်သွားတဲ့ ဖုန်းနံပါတ်ကို physical chip သစ်ပေါ် ပြောင်းတဲ့ နည်းကို သုံးပြီး တိုက်ခိုက်သွားတာ ဖြစ်တယ်လို့ဆိုပါတယ်။ Chuckle Squad အဖွဲ့ဟာ ဂျက်ဒေါ်ဆီရဲ့ ဖုန်းနံပါတ်ကို SIM Swapping လုပ်သွားတာ ဖြစ်တယ်လို့Twiiter က ပြောပါတယ်။
Photo: BBC
ဂျက်ဒေါ်ဆီရဲ့ Twitter အကောင့်ကနေ တင်တဲ့ Tweets တွေဟာ Cloudhopper လို့ခေါ်တဲ့ SMS ဝန်ဆောင်မှု လုပ်ငန်းတစ်ခုကနေ လာခဲ့တာ ဖြစ်ဖို့ရှိတယ်လို့The Verge သတင်းက ဖော်ပြထားပါတယ်။ Cloudhopper ဟာSMS services အတွက် Twiiter ကနေ ဝယ်ထားတဲ့ ကုမ္ဗဏီလည်း ဖြစ်ပါတယ်။
Twitter အကောင့်နဲ့ချိတ်ဆက်ထားတဲ့ ဖုန်းနံပါတ်ကနေ 404-04 ကို စာပို့မယ်ဆိုရင် Twitter မှာ စာတင်လို့ရတာ ဖြစ်ပါတယ်။ အခု Tweet ရဲ့ sourceကလည်း Cloudhopper လို့တွေ့ရတာ ဖြစ်ပါတယ်။