မြေနိမ့်ရာ လှံစိုက်ချင်တဲ့ Meta လို့ပဲ ပြောရမလား ထင်ရာလုပ်တတ်တဲ့ Elon Musk ကြောင့် ဝင်ငွေ ရဖို့ နေနေသာ ဒေါ်လာ 7 သိန်း Bill မဆောင်လို့ Twitter ကို သြစတျေးလျ Project Management ကုမ္ပဏီတစ်ခုက တရားစွဲထားတယ်လို့ သိရပါတယ်။
အဲ့ဒါအပြင် Musk ဟာ တနေ့ Tweet ဘယ်လောက်ပဲ ကြည့်ခွင့်ရမယ်ဆိုတဲ့ ပမာဏကိုပါ ကန့်သတ်လိုက်ပြီး သူ့အဆိုရ Verified မလုပ် (Blue Mark မရ) ထားရင် တစ်နေ့ကို 800 ၊ တကယ်လို့ Verified ဆိုရင် 8,000 ဆိုပြီး Limit လုပ်လိုက်တဲ့ အပေါ် Ads ဆရာမကြီး ပျားတုပ်ပြီ ထင်ပါတယ်။
အဲ့သလို ကန့်သတ်လိုက်တဲ့ စနေနေ့တုန်းက Twitter ဝင်မရတဲ့အထိ ဖြစ်ခဲ့ပြီး သူ့ပြိုင်ဖက် ဖြစ်တဲ့ Bluesky Social App အသုံးပြုမှု ရုတ်တရက် ဆောင့်တက်သွားခဲ့ပါတယ်။
Bluesky ဟာ Messaging App တမျိုးဖြစ်ပြီး 2022 နိုဝင်ဘာမှာ စိတ်ဝင်တစား သုံးလာတဲ့ App ပါ ၊ 2023 ဧပြီမှာ သုံးစွဲသူ 5 သောင်း ကျော်သွားခဲ့ပြီး Twitter ဝင်မရတဲ့ ဖြစ်စဥ်နောက်ပိုင်း Traffic ခုန်သွားခဲ့တာလို့ သိရပါတယ်။
ဒါကြောင့်လည်း Meta မျက်စိကျနေတာ ပြောရင် မမှားပေဘူး ၊ ဇွန်လ အစောပိုင်း Ms. Yaccarino ကို ခေါ်တုန်းက ပြိုင်ဖက် App ကို အလုပ်ဖြုတ်ခံလိုက်ရတဲ့ Twitter ဆရာဟောင်းတွေနဲ့ စမ်းနေတယ် ၊ အထူးသဖြင့် Celebrity တချို့နဲ့ Push လုပ်နေတယ်လို့ ခနဲ့သလို ပြောခဲ့ပေမယ့် လျင်လျင်မြန်မြန်ကြီး ကြေညာလိမ့်မယ်လို့ မထင်ရတာပါ။
အခုဆိုရင် Threads အမည်ရ Instagram App ကို ဇူလိုင် 6 မှာ မိတ်ဆက်ဖို့ လျာထားပုံရပြီး ပေါက်ကြားခဲ့တဲ့ App Store နဲ့ Play Store Screenshot တွေအရ ခန့်မှန်းရပါတယ်။
စိတ်ဝင်စားဖို့ ကောင်းတာ လက်ဝှေ့ထိုးသတ်ဖို့ ပြင်ဆင်နေတဲ့ ဘီလီယံနာ နှစ်ယောက်ကို မကြာခင် စင်မြင့်ပေါ်မှာ တွေ့ရဖို့ ရှိနေတဲ့ စိန်ခေါ်မှုက တဖက်တလှမ်း ဖိအားပေးလိုက်တယ်လို့ စာရေးသူ သုံးသပ်မိပြီး သူတို့ နာမည်အစား Twitter vs. Meta လို့ ခေါင်းစဥ်တပ်လိုက်တာ ပိုကောင်းပါတယ်။
မည်သို့ပင် ဆိုစေကာမူ Thread ဟာ Bluesky သုံးခဲ့တဲ့ ActivityPub အမည်ရ DSNP Protocol ကို ခြေကုပ်ယူထားပြီး Application သို့မဟုတ် ဘယ် Platform ကိုမှ မမှီခိုတဲ့ Open Source ပုံစံနဲ့ မြင်ရနိုင်တယ်၊
User Data နဲ့ Contents တွေကို Blockchain သို့ Independent Server တွေမှာ သိမ်းထားမယ့် အချက်တွေကြောင့် Creator တချို့နဲ့ Cele တွေ စိတ်ဝင်တစား ဖြစ်နေတယ်။
Meta အခုလို Attention ရှာနေပေမယ့် Musk ကတော့ TweetDeck ကိုပါ ပြောင်းပစ်လိုက်ပြီး ပိုက်ဆံပေးသုံးရမယ့် Feature ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။
Source: The Verge
Share