ကန်ထရိုက်ဝန်ထမ်း ၄၄၀၀ လောက် အလုပ်ဖြုတ်ခံရတာပါ

လူပေါင်း ၃၇၀၀ ဝန်းကျင် အလုပ်ထုတ်ခံရပြီးနောက်မှာ အီလွန်မတ်စ်ရဲ့ လူရှင်းရေးစီမံကိန်းဟာ Twitter ကန်ထရိုက်အလုပ်သမားတွေပေါ် ပစ်မှတ်ထားလာပါတယ်။ 

Platformer ဆောင်းပါးရှင် ကတ်ဆီ နယူတန်ရဲ့ Tweet တစ်ခုထဲမှာ Twitter ဟာ စနေနေ့မှာ ကန်ထရိုက်ဝန်ထမ်း ၅၅၀၀ ထဲက ၄၄၀၀ ခန့်ကို အလုပ်ဖြုတ်လိုက်‌ကြောင်း ကုမ္ပဏီအရင်းအမြစ်တွေက သူ့ကို ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Platformer နဲ့ CNBC သတင်းတွေရဲ့ အတည်ပြုချက်အရ အလုပ်နားခံလိုက်ရတဲ့ ကန်ထရိုက်ဝန်ထမ်းအများစုဟာ သူတို့အလုပ်ဖြုတ်ခံရကြောင်း ကြိုတင်အသိပေးအကြောင်းကြားချက် မရခဲ့ဘူးလို့ ဆိုပါတယ်။ 





Photo: The Verge

အတော်များများက အလုပ်ဖြုတ်ခံရကြောင်း အီးမေးလ်အစား ကုမ္ပဏီရဲ့ အီးမေးလ် နဲ့ Slack လို လုပ်ငန်းတွင်းဆက်သွယ်ရေးစနစ်တွေထဲ ဝင်မရတာမျိုးပဲ ကြုံတွေ့ခဲ့ကြတယ်လို့ ပြောပါတယ်။ "ကျွန်တော့်ကန်ထရိုက်တာတွေထဲက တစ်ယောက်ဆို ကျွန်တော်တို့ရဲ့ ကလေးငယ်များဘေးကင်းရေးအလုပ်တာဝန်တွေအပေါ် အရေးကြီးအပြောင်းအလဲတွေ လုပ်နေတုန်း ဘာအကြောင်းကြားချက်မှ မရဘဲ Deactive လုပ်ခံရတယ်" လို့ မန်နေဂျာတစ်ယောက်က ကုမ္ပဏီရဲ့ Slack မှာ တင်ခဲ့ပါတယ်။ 

တချို့ဝန်ထမ်းတွေကလည်း ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်စာ အလုပ်လုပ်ခဲ့တာတွေအတွက် လုပ်ခလစာမရမှာ စိုးရိမ်နေကြပါတယ်။ Twitter ကို အီလွန်မတ်စ် ဝယ်လိုက်ပြီးနောက် ဝန်ထမ်းအင်အားရဲ့ တစ်ဝက်လောက် အလုပ်ဖြုတ်ခဲ့ပြီး ကုမ္ပဏီရဲ့ ယုံကြည်မှုနဲ့ ဘေးကင်းရေးအဖွဲ့တစ်ခုလုံးရဲ့ ၁၅% လည်း အလုပ်ပြုတ်သွားခဲ့ပါတယ်။ စနေနေ့ညမှာ အမေရိကန်နဲ့ ကမ္ဘာတလွှားက Twitter ရဲ့ အကြောင်းအရာစိစစ်ထိန်းကျောင်းရေး ၊ အိမ်ခြံမြေ ၊ ဈေးကွက်ရှာဖွေရေး ၊ အင်ဂျင်နီယာပိုင်းနဲ့ တခြားဌာနတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းထောင်ချီ အလုပ်ထပ်ပြုတ်ခဲ့တာပါ။ 

"အခုအလုပ်ဖြုတ်လိုက်တာဟာ အကြောင်းအရာစောင့်ကြည့်ရေးနဲ့ Site တက်အောင် လည်ပတ်ဖို့ လုပ်နေတဲ့ ပင်မအခြေခံအဆောက်အဦဝန်ဆောင်မှုပိုင်းဘက်က လူတွေပေါ် သိသာတဲ့ သက်ရောက်မှုရှိမယ်လို့ မျှော်လင့်ရပါတယ်။" လို့ နယူတန်က Twitter ပေါ် ရေးတင်ခဲ့ပြီး Axios ကလည်း Twitter ဟာ အကြောင်းအရာစောင့်ကြည့်ထိန်းကျောင်းရေးဘက်က ဝန်ထမ်းတွေအပါအဝင် ကန်ထရိုက်တာအများအပြားကို အလုပ်ဖြုတ်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ 

Twitter ကို ဒေါ်လာ ၄၄ ဘီလျံပေးဝယ်ပြီးနောက် သူဌေးကြီးအီလွန်မတ်စ်ဟာ ထိပ်တန်းအမှုဆောင်အရာရှိချုပ်တွေကို အလုပ်ဖြုတ်ခဲ့သလို ကာလရှည်အလုပ်လုပ်လာခဲ့တဲ့ အမှုဆောင်အရာရှိတွေ အလုပ်ထွက်ကုန်တာနဲ့လည်း ကြုံနေရပါတယ်။ မတ်စ်ဟာ ဝန်ထမ်းတွေ ရုံးပြန်တက်ရေးမူဝါဒကို ပြန်လည်စတင်နေတာကြောင့် နောက်ထပ် အလုပ်ထွက်သူတွေ/အလုပ်ဖြုတ်ခံရတဲ့ ဝန်ထမ်းတွေ တိုးလာဖို့လည်း ရှိပါတယ်။ 


Photo: globletelegraph

ပြီးခဲ့တဲ့တစ်ပတ်က ကုမ္ပဏီဝန်ထမ်းတွေနဲ့ အီလွန်မတ်စ်တို့ အမေးအဖြေလုပ်ချိန်မှာ တချို့လူတွေကလွဲလို့ ဝန်ထမ်းအများစု ရုံးပြန်တက်ကြဖို့ မတ်စ်က ပြောကြားခဲ့ပါတယ်။ "အခြေခံအားဖြင့် ရုံးတက်နိုင်တယ် ၊ ရုံးမလာဘူးဆိုရင် အလုပ်ထွက်စာကို လက်ခံတယ်" လို့ မတ်စ်က ပြောခဲ့တာပါ။ သတင်းဌာနတွေက Twitter ကို စုံစမ်းဖို့ မေးမြန်းထားပေမယ့် ကုမ္ပဏီက အကြောင်းပြန်ကြားခြင်း မရှိပါဘူး။ Twitter မှာ ဆက်သွယ်ရန်ဌာန မရှိတော့ပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က