Facebook သုံးစွဲသူတစ်ချို့တစ်လေမှာပဲ ကြုံနေတာပါ

tweets တွေကို ကိုယ့် timeline မှာ ပြန် share ထားတဲ့ သူတွေကတော့ Facebook ရဲ့ ဒီလုပ်ရပ်ကို ဝေဖန်နေတယ်လို့ဆိုပါတယ်။

twitter-facebook-icons.png

Photo: Tech Crunch

 

Facebook ဟာ API (Application Programming Interface) ပြောင်းလိုက်ပြီးနောက် Twitter သုံးသူတွေကနေ သူတို့ရဲ့ tweet တွေ Facebook ပေါ် အလိုအလျောက် တက်လာတဲ့ ကိစ္စကို ပယ်ဖျက်ခဲ့ပါတယ်။ Facebook ဟာ အရင်ကတည်းက Twitter အကောင့်တွေနဲ့ချိတ်ဆက်ပြီး ပို့စ်တွေကို cross-post အဖြစ် အလိုအလျောက် တင်ခွင့်ပေးခဲ့တာပါ။

Cross-Post သဘောအရ Twitter မှာ tweet လိုက်တိုင်း Facebook ပေါ်မှာ status update အဖြစ် သူ့အလိုလို တက်လာမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကစပြီး သုံးစွဲသူတွေဟာ သူတို့ရဲ့ post တွေ Facebook ပေါ်က ပျောက်သွားတာ သတိထားမိလာခဲ့ပါတယ်။ ဒီလိုဖယ်ရှားလိုက်တဲ့ အထဲမှာ ပို့စ်တွေအပြင် ပေးထားတဲ့ comments တွေ ၊ likes နဲ့တစ်ခြား reactions တွေပါ ပျောက်ကုန်တာပါ။

API မပြောင်းခင်က Twitter သုံးစွဲသူများဟာ Twitter ဝက်ဘ်ဗားရှင်းကနေ Apps Sectionကို သွားနိုင်ပြီး အဲဒီကနေ Facebook အကောင့်ကနေ Tweets တွေကို Facebook ပေါ် ပြန်ပြီး cross-post တင်လို့ရခဲ့တာပါ။ ဒီလို တင်လိုက်တာနဲ့tweets တွေဟာ Facebook post အနေနဲ့တစ်ဘက်မှာ သွားပေါ်မှာ ဖြစ်ပြီး သူငယ်ချင်းတွေကနေ ဒီပို့အောက်မှာ like/comment ပေးနိုင်မှ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Twitter နဲ့ Facebookအကြား cross-post လုပ်မရတဲ့ ပြဿနာဟာ လူတစ်ချို့ပဲ ကြုံတွေ့နေတာ ဖြစ်ပြီး ပို့စ်အဟောင်းတွေပဲ ဖျက်ခံနေတာလို့ဆိုပါတယ်။ ဒီဖြစ်ရပ်ကို ကြုံတွေ့နေသူများကတော့ အချက်အလက်များ ပျောက်ဆုံးမှာ စိုးရိမ်နေပြီး Facebook ကိုလည်း အကြောင်းကြားနေကြပါတယ်။

[No available link text] 

အခုချိန်ထိတော့ ဒီလိုမျိုး Cross-Post တွေကို ဖြုတ်လိုက်တာဟာ စနစ်အမှားကြောင့်လား ၊ တမင်ရည်ရွယ်ပြီး လုပ်ဆောင်လိုက်တာလားဆိုတာ မသိရသေးပါဘူး။ TechCrunch ရဲ့ အဆိုအရ Facebook အနေနဲ့ဒီပြဿနာကို သိထားပြီး စုံစမ်းနေတယ်လို့ဖော်ပြထားပေမယ့် တိတိကျကျ မသိရသေးပါဘူး။

Share

Loading Next Article...
က္က