ရှယ်ယာတစ်စု ၅၄.၂၀ နှုန်းနဲ့ ဝယ်ခဲ့တာပါ

နောက်ဆုံးတော့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးရဲ့ မက်လောက်စရာ ကမ်းလှမ်းမှုကို Twitter က လက်ခံလိုက်ရပြီ ဖြစ်ပါတယ်။ 

ဧပြီလဆန်းပိုင်းကစပြီး Twitter မှာ ရှယ်ယာ ၉% ကျော် ဝယ်ခဲ့တဲ့ အီလွန်မတ်စ်ဟာ လလယ်ပိုင်းမှာပဲ ကုမ္ပဏီကို ဒေါ်လာ ၄၃ ဘီလျံနဲ့ ဝယ်ယူဖို့ အဆိုပြုလာတာပါ။ အစောပိုင်းက Twitter ဘုတ်အဖွဲ့ဝင်တွေဟာ ကုမ္ပဏီကို အီလွန်မတ်စ် မဝယ်နိုင်အောင် နည်းလမ်းတွေ သုံးခဲ့ပေမယ့် မတ်စ်ရဲ့ Twitter ကို ဝယ်ဖို့ ဒေါ်လာ ၄၆.၅ ဘီလျံ စီစဉ်ထားတယ်ဆိုတဲ့ စကားထွက်လာပြီးနောက် စိတ်ပြောင်းလာတာ ဖြစ်နိုင်ပါတယ်။ 





မတ်စ်ဟာ ကုမ္ပဏီအစုရှယ်ယာတစ်စုကို ၅၄.၂၀ ဒေါ်လာနှုန်းထားပြီး အဲ့ဒီအချိန်က ဒေါ်လာ ၄၃ ဘီလျံပေးဝယ်ဖို့ ပြောခဲ့တာပါ။ အင်္ဂါနေ့က သတင်းတွေအရ မတ်စ်ဟာ Twitter ကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်သွားပြီလို့ ဆိုပါတယ်။ Twitter ကို ဝယ်ဖို့အရေးအတွက် ဘုတ်အဖွဲ့ဝင်တွေရဲ့ ကန့်ကွက်မှုကြောင့် မတ်စ်ဟာ ရှယ်ယာရှင်တွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး သူ့ကို ရှယ်ယာရောင်းဖို့ ကမ်းလှမ်းမှုတွေ လုပ်ခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြပါတယ်။ 

အခုတော့ Twitter ဘုတ်အဖွဲ့ဟာ ကုမ္ပဏီ ရောင်းချမယ့်ကိစ္စကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပြီ ဖြစ်ပြီး ရှယ်ယာရှင်တွေရဲ့ မဲနဲ့ စည်းမျဉ်းဥပဒေအတည်ပြုချက်တွေအရ နှစ်ကုန်ပိုင်းမှာ အရောင်းအဝယ် ပြီးပြတ်ဖို့ ရှိပါတယ်။ နေ့စဉ်သုံးစွဲသူ ၂၁၇ သန်းကျော် ရှိတဲ့ Twitter ဟာ ကမ္ဘာ့အကြီးဆုံး Social Media ပလက်ဖောင်းတစ်ခုမဟုတ်ပေမယ့် ကမ္ဘာ့ခေါင်းဆောင်တွေ ၊ Celebrities နဲ့ ထိပ်တန်းရောက်ပုဂ္ဂိုလ်တွေ အသုံးများတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ 

Twitter ကို အီလွန်မတ်စ် ဝယ်ယူမှု ပြီးပြတ်သွားပြီးရင်တော့ မတ်စ်ဟာ ကုမ္ပဏီကို ပုဂ္ဂလိကပိုင်ပြောင်းဖို့လည်း ရှိပါတယ်။ မတ်စ်အနေနဲ့ Twitter ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ပလက်ဖောင်းအဖြစ် ပြောင်းမယ်ဆိုပေမယ့် အရင်ကတော့ သူနဲ့ အမြင်မတူသူတွေကို personal အကောင့်ကနေ မကြာခဏ Block တာမျိုးတွေ ရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က