အခုတော့ ပြန်ရပါပြီ

Twitter လူမှုကွန်ရက်ဟာ တစ်ကမ္ဘာလုံးမှာ မိနစ် ၄၀ ဝန်းကျင်ကြာ ပြတ်တောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ကွန်ရက်ပြတ်တောက်သွားရတဲ့အချိန်မှာ သုံးစွဲသူအများအပြားဟာ "သတ်မှတ်လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်"ကြောင်း မက်ဆေ့ချ်တွေ နဲ့ "ဒီစာမျက်နှာ လိုင်းကျနေပါတယ်" ဆိုတဲ့ စာသားတွေ မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အခုပြဿနာဟာ Twitter ရဲ့ ဝက်ဘ် ၊ မိုဘိုင်းနဲ့ ကုမ္ပဏီပိုင် TweetDeck App တို့မှာပါ ကြုံတွေ့ခဲ့ရတာပါ။





ကွန်ရက်အခြေအနေတွေ ဖော်ပြပေးနေတဲ့ Downdetector ပေါ်မှာ Twitter လိုင်းကျနေကြောင်း ထောင်နဲ့ချီတဲ့ Reports တွေ တက်လာခဲ့ပေမယ့် Twitter ရဲ့ ကိုယ်ပိုင် Status page ကတော့ စနစ်အားလုံး ပုံမှန်အလုပ်လုပ်နေကြောင်း တင်ထားပါတယ်။ Twitter ရဲ့ ဝက်ဘ်ဆိုက်ဒိုမိုင်းလိပ်စာကို ဖွင့်ရပေမယ့် သုံးစွဲသူ အတော်များများဟာ ဝန်ဆောင်မှုထဲ ဝင်မရတာ Tweet တင်မရတာတွေ ကြုံခဲ့တယ်လို့လည်း ပြောပါတယ်။ 

Eastern Time မနက် ၈ နာရီ ၅ မိနစ် (မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၅ မိနစ်ခန့်) က ကွန်ရက်ပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့ရာကနေ ၈ နာရီ မိနစ် ၄၀ (ညနေ ၇ နာရီ ၁၀ မိနစ်ခန့်) မှာ Tweet တွေ ပြန်တင်လို့ ရပြီး ဝန်ဆောင်မှုလည်း ပြန်သုံးနိုင်ပြီလို့ ဆိုပါတယ်။ Twitter ရဲ့ တရားဝင်အကောင့်မှာလည်း လူတိုင်း ပြန်သုံးနိုင်ပြီ ဖြစ်ကြောင်း အသိပေးထားတာ တွေ့ရပါတယ်။ အခုလို ကွန်ရက်ပြတ်တောက်တာဟာ ဖေဖော်ဝါရီလအတွင်းက ကွန်ရက်ပြတ်တောက်မှုတွေ ဆက်တိုက်ဖြစ်ပြီးနောက် ဒုတိယအကြိမ် Twitter လိုင်းကျသွားတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ တစ်ပတ်အတွင်း Twitter ကွန်ရက် ၂ ကြိမ်တိုင် ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ အခု နောက်ဆုံးအကြိမ် Twitter ကွန်ရက်ပြတ်တောက်မှုဟာ အီလွန်မတ်စ်ကို Twitter က တရားစွဲဆိုမှု လုပ်ပြီး ရက်ပိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က