ရေးကြီးခွင်ကျယ် Attention ရှာတယ် ဆိုရမလား ဘီလီယံနာ နှစ်ယောက် မထိုးသတ်ခင် Meta ပွဲကြမ်းနေပြီ။
အဲ့ဒါက Threads ကို တရားဝင် ကြေညာမယ့် ဇူလိုင် 6 ရက်ထက် တစ်ရက်စောပြီး Twitter Plan မစနိုင်ခင် ထိုးစစ် ဆင်နေပြီ။
ဒါနဲ့ သတင်း အတိုအထွာ စုံစိသွားအောင် ဆက်နွယ်နေတဲ့ အကြောင်းရာများနဲ့ ဖော်ပြရရင် Threads အမည်ရ Instagram App ဟာ Twitter ရဲ့ Core Features တချို့ကို ကူးချထားတာပါ။
စွပ်စွဲ ၊ အတင်းဖျင်း ချတာနဲ့ အတူတူပဲလို့ စာရေးသူ ပြောချင်ပေမယ့် Twitter ကို ဒေါ်လာ ၄၄ ဘီလီလံနဲ့ Elon Musk ဝယ်ခဲ့တဲ့နောက် ဝန်ထမ်းအင်အား 75% ဖြုတ်ပစ်ခဲ့ရာက ပေါ်လာတဲ့ Threads လို့ ဆိုရင် ပိုသဘာဝကျပါတယ်။
iOS နဲ့ Play Store ပေါ်မှာ ရယူနိုင်တဲ့ ခခွေး ပုံစံ Instagram App နဲ့ ပတ်သက်လို့ Pioneer လုပ်ခဲ့တာ Twitter ပေါ့ ၊ ခုဆို ကွက်လပ်ကြီး ကျန်နေခဲ့ပြီ။ အဲ့တော့ အခွင့်ရေးရတုန်း ဝင်ဆွဲတာပေါ့ ဟု Threads Launch မှာ ပြောင်ပြောင်တင်းတင်း ပြောခဲ့ပါတယ်။
ဟုတ်တယ်လေ တကယ့် CEO ၊ CFO လို Highest Profile တွေပါ ဖြုတ်ပစ်ခဲ့တာ Operation ပိုင်း ကြော်ငြာပိုင်းက Core Units တွေ အလုပ်ပြုတ်တာ မဆန်းဘူးလေ။
အခု Threads မှာ ဓာတ်ပုံကို စာလုံးရေ 500 ခန့်နဲ့ တွဲတင်နိုင်မယ် ၊ Video ဆိုရင် 5 မိနစ်စာထိ ခွင့်ပြုထားတယ်။ Instagram App ဆိုမယ့် Like ၊ Comment ၊ Repost နဲ့ Share Threads ဒီ 4 ခုကို Twitter စတိုင် သွားတုထားတယ်။ Instagram Account ရှိရုံနဲ့ Threads သုံးလို့ရတယ်။
ပြောချင်တာ အမြင်အားဖြင့် Twitter တော့ Twitter ပဲ ။ Threads သုံးရတာ ကဗျာ မဆန်တာ Meta App သုံးနေရတာပဲ။ Twitter မှာ Recommended Stream နဲ့ Follow လုပ်ထားတဲ့ Content Only ဆိုပြီး Tweet နှစ်မျိုး ကြည့်လို့ရတယ် (နောက်ပိုင်း Threads မှာ ထည့်ရင် မပြောတတ်)
Twitter Blue သမားဆိုရင် 2 နာရီစာ 1080p တစ်ကားစာ ဗီဒီယိုတင်လို့ရတယ်။ Privacy နဲ့ ပတ်သက်လို့ Meta ထုံးစံ အတိုင်း Threads Control ထည့်ပေးထားပြီး အထူးတလည် ရှင်းပြစရာ မလိုဘူး ထင်ပါတယ်။
အဲ့ဒါထက် Foul ထုချင်တာ ActivityPub Support မပါတာပါ၊ နောက်ပိုင်း ထည့်မလား မပြောတတ်ပေမယ့် စာရေးသူ အနေနဲ့ Threads ကို စိတ်ဝင်တစား အဖြစ်ဆုံးအချက်က DSNT ပါလို့ပါ (ဒါနဲ့ ပတ်သက်လို့ အရင်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးမှာ လေ့လာနိုင်ပါတယ်)
တကယ်တော့ Financial ပိုင်း မငြိမ်မသက် ဖြစ်နေတဲ့ Twitter အပေါ် မြေနိမ့်ရာ လှံစိုက်တဲ့ Meta အပြုမူကို ဘဝင် မကျလှပေမယ့် စီးပွားရေး သမားပီပီ အခွင့်ရေးယူတာ အဆန်းမဟုတ်ပါဘူး။
လက်ရှိ CEO တာဝန်ယူထားတဲ့ Ms. Yaccarino ကို လျှော့တွက်လို့ မရပါဘူး ၊ Universal မှာ လုပ်ခဲ့တုန်းက Ads ကြော်ငြာပိုင်းနဲ့ ဝင်ငွေ ဖန်ခဲ့သူမို့ Twitter ရဲ့ Blue Subscription Feature က ရှိသမျှ Social Media Apps တွေထဲ ကြေးအကြီးဆုံးနဲ့ Content အစုံဆုံး ဖြစ်လာမယ်လို့ သုံးသပ် မိပါတယ်။
ဘာလို့လဲဆိုတော့ Verify မလုပ်ထား တနည်း Blue Subscription မလုပ်ထားရင် တစ်နေ့ကို Tweet 300 သို့ Post 300 သာ ကြည့်နိုင်ပြီး စနေနေ့က Elon Musk ပြောခဲ့တဲ့ 800 ကနေ 400 ၊ နောက် 3 ရက်အကြာ 300 အထိ ဖြစ်သွားပြီမို့ ဘယ်လို Plan နဲ့ လှုပ်ရှားနေလဲ ခန့်မှန်း မိမယ် ထင်ပါတယ်။
Source: The Verge
Share