MoPub ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ Twitter အတွက် ဝင်ငွေ‌ ဒေါ်လာ ၁၈၈ သန်း ရှာပေးနိုင်ခဲ့ပါ

လွန်ခဲ့တဲ့ ၈ နှစ်က ဒေါ်လာသန်း ၃၅၀ လောက်နဲ့ ဝယ်ခဲ့တဲ့ MoPub ဆိုတဲ့ မိုဘိုင်း Ad Network လုပ်ငန်းကို Twitter ဟာ ဒေါ်လာ ၁.၀၅ ဘီလျံနဲ့ AppLovin ဆိုတဲ့ကုမ္ပဏီဆီ ပြန်ရောင်းလိုက်ပါတယ်။

           MoPub မိုဘိုင်းကြော်ငြာကွန်ရက်ကို ဂိမ်း Developer နဲ့ Ad-Tech ကုမ္ပဏီတစ်ခုဖြစ်တဲ့ AppLovin ကို ငွေသား ဒေါ်လာ ၁.၀၅ ဘီလျံနဲ့ ရောင်းချလိုက်တာ ဖြစ်တယ်လို့ CNBC သတင်းက ဖော်ပြထားပါတယ်။ MoPub ကို ရောင်းရတဲ့ အကြောင်းတစ်ခုက ကုမ္ပဏီရဲ့ လက်ရှိလည်ပတ်နေတဲ့ဝင်ငွေထုတ်ကုန်တွေ ဖွံ့ဖြိုးရေးနဲ့ ရေးဆွဲရေးကို ပိုပြီး အရှိန်အဟုန်မြှင့်တင်ချင်တာကြောင့်လို့လည်း Twitter ရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။




Photo:


           Twitter ဟာ လာမယ့် ၂၀၂၃ ခုနှစ်အကုန်မှာ ဝင်ငွေ ဒေါ်လာ ၇.၅ ဘီလျံ ရဖို့ ရည်မှန်းချက် ထားရှိထားတာပါ။ ၂၀၂၃ နှစ်အကုန်မှာ Twitter အနေနဲ့ ငွေပေါ်မယ့် နေ့စဉ်ပုံမှန်သုံးစွဲသူ (mDAUs) ၃၁၅ သန်းအထိ ရောက်လာဖို့ ရည်မှန်းထားပြီး နှစ်စဉ်ဝင်ငွေကိုလည်း အနည်းဆုံး နှစ်ဆတိုးဖို့ ပစ်မှတ်ထားကြောင်း နှစ်ဆန်းပိုင်းမှာ ကြေညာခဲ့ပါတယ်။ အခု အရောင်းအဝယ်ကြောင့် AppLovin ရှယ်ယာဟာ ၈% ကျော် ခုန်တက်သွားခဲ့သလို Twitter ရှယ်ယာလည်း ၂% ကျော် မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

           MoPub ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ Twitter အတွက် ဝင်ငွေ‌ ဒေါ်လာ ၁၈၈ သန်း ရှာပေးနိုင်ခဲ့တဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဝင်ငွေပမာဏဟာ ကုမ္ပဏီရဲ့ ၂၀၂၀ တစ်နှစ်စာ ကြော်ငြာဝင်ငွေရဲ့ ၅.၉% နီးပါးလည်း ရှိပြီး အဲ့ဒီနှစ် စုပေါင်းရောင်းအားရဲ့ ၅% ကျာ်လည်း ရှိပါတယ်။ MoPub ကို ရောင်းဖို့ ဖြစ်လာတာဟာ ပြီးခဲ့တဲ့ဧပြီက iOS 14.5 ဗားရှင်းကို Apple ဖြန့်ချိပြီးတဲ့နောက်မှာ ဖြစ်ပါတယ်။

           Apple ရဲ့ မိုဘိုင်းOS ဗားရှင်းသစ်ဟာ iPhone နဲ့ iPads ပေါ်က သုံးစွဲသူတွေရဲ့ လုပ်ဆောင်မှုကို ကြော်ငြာရှင်တွေ ခြေရာခံရပိုခက်အောင် ရေးဆွဲထားတာ ဖြစ်ပါတယ်။ MoPub ကွန်ရက်ကို မိုဘိုင်းလ် apps ပေါင်း ၄၅၀၀၀ က အသုံးပြုနေပြီး ကြော်ငြာနိုင်တဲ့ users သန်း ၁၅၀၀ ဆီ ရောက်ရှိတယ်လို့ AppLovin ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဆိုပါတယ်။ ၂၀၁၁ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ AppLovin ဟာ ကနဦးက မိုဘိုင်း apps တွေ လူသိအောင်လုပ်ပေးပြီး ငွေရှာခဲ့ရာကနေ ၂၀၁၈ မှာ ဂိမ်းဖွံ့ဖြိုးရေးတိုးချဲ့ဖို့ KKR ဆီက ‌ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှပ်နှံမှု ရခဲ့ပါတယ်။


           AppLovin ဟာ ဈေးကွက်တန်ဖိုးဒေါ်လာ ၂၉ ဘီလျံရှိတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ Twitter ကတော့ MoPub ကို ၂၀၁၃ စက်တင်ဘာလထဲမှာ ဒေါ်လာသန်း ၃၅၀ ခန့်တန် စတော့နဲ့ ဝယ်ယူခဲ့တာပါ။ ဝယ်တုန်းကတော့ မိုဘိုင်း ကြော်ငြာ Ads တွေကနေ ဝင်ငွေရအောင်ဆိုပြီး ရည်ရွယ်ခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က