ဒီရာသီမှာ အသင်းဟောင်းယူနိုက်တက်ဆီ ပြန်ပြောင်းရွှေ့ခဲ့တာပါ။

၂၀၁၁-၁၂ ဘောလုံးရာသီနောက်ပိုင်း စီးရီးအေအမှတ်ပေးဖလားကို ပထမဆုံးအကြိမ်လက်လွှတ်ခဲ့ရတဲ့ ဂျူဗီဟာ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် ရော်နယ်ဒိုကိုပါ ထွက်ခွာခွင့်ပေးခဲ့ရတာဖြစ်ပြီး ဒီရာသီမှာလည်း အခက်တွေ့နေတာဖြစ်ပါတယ်။ 


ဂျူဗင်တပ်စ်အသင်းရဲ့ ဒုတိယဥက္ကဌအဖြစ် တာဝန်ယူနေတဲ့ နာမည်ကျော်ကွင်းလယ်လူဟောင်းနက်ဗက်က သူတို့အသင်းဟာ တရာသီကို ဂိုးပေါင်း ၃၀ အထိ သွင်းယူပေးနိုင်တဲ့ ကစားသမားကို လက်လွှတ်ခဲ့ရတယ်လို့ ညည်းတွားပြောဆိုလိုက်ပါတယ်။ ဒါဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည်ပြောင်းရွှေ့သွားခဲ့တဲ့ ရော်နယ်ဒိုကို ရည်ရွယ်ခဲ့တာလည်းဖြစ်ပါတယ်။ 



ရော်နယ်ဒိုဟာ ဂျူဗီမှာ ၃ နှစ်ကြာကစားခဲ့ပြီးနောက် ဒီရာသီမှာ အသင်းဟောင်းယူနိုက်တက်ကို ပေါင် ၁၃ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ၂၀၁၁-၁၂ ဘောလုံးရာသီနောက်ပိုင်း စီးရီးအေအမှတ်ပေးဖလားကို ပထမဆုံးအကြိမ်လက်လွှတ်ခဲ့ရတဲ့ ဂျူဗီဟာ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် ရော်နယ်ဒိုကိုပါ ထွက်ခွာခွင့်ပေးခဲ့ရတာဖြစ်ပြီး ဒီရာသီမှာလည်း အခက်တွေ့နေတာဖြစ်ပါတယ်။ 

ဒီရာသီစီးရီးအေရဲ့ ထိပ်ဆုံး ၁၁ သင်းမှာ ရဂိုးအနည်းဆုံးအသင်းအဖြစ် ဂျူဗီက ရပ်တည်နေပြီး ဒီဘာလာနဲ့မိုရာတာတို့အတွဲအဖက်က ကောင်းကောင်းခြေစွမ်းပြနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ကစားသမားဟောင်းမွိုက်ကီးန်ကို အဲဗာတန်ကနေ အငှားနဲ့ပြန်လည်ခေါ်ယူပြီး တိုက်စစ်အားဖြည့်ခဲ့ပေမယ့် ဂျူဗီဟာ ၁၇ ပွဲကစားအပြီး သွင်းဂိုး ၂၃ ဂိုးသာ ရရှိထားတာဖြစ်ပါတယ်။ 

"ကျွန်တော်တို့က နောက်မှာပြတ်ကျန်နေခဲ့ပါတယ်၊ ချီယေဆာ၊ ဘာနာဒက်ခီတို့လို တရာသီကို သွင်းဂိုး ၁၀ ဂိုးကနေ ၁၅ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားတွေကို ထပ်ပေါင်းထည့်ရမှာ မှန်ပါတယ်၊ ဒီလိုလုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ ပုံစံကောင်းရလာမှာပါ၊ ကျွန်တော်တို့ ဂိုးပေါင်း ၃၀ သွင်းနိုင်တဲ့ ကစားသမားတဦးကို ဆုံးရှုံးခဲ့ရပါတယ်၊ ဒါပေမယ့် လက်ရှိကစားသမားတွေသာ တိုးတက်လာမယ်ဆိုရင် ထိပ်တန်းအဆင့်ဆီ ပြန်ရောက်ဖို့ အခွင့်အလမ်းတွေရှိလာမှာပါ" လို့ နက်ဗက်က ပြောဆိုခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ဂျူဗီအတွက် ပြိုင်ပွဲစုံ ၁၃၄ ပွဲကစားပေးခဲ့ပြီး ၁၀၁ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်မှာလည်း သူက လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ ၁၈ ပွဲကစားပေးထားကာ ၁၃ ဂိုးအထိ သွင်းယူပေးပြီး ခြေစွမ်းပြနေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က