အေဘရာဟမ်ကို မရွေးခဲ့လို့လည်း အပြစ်တင်ခံနေရပါတယ်။

အင်္ဂလန်အတွက် ကစားသမားရွေးချယ်မှုမှာ မန်စီးတီးကွင်းလယ်လူကယ်ဗင်ဖိလစ်ကို ရွေးချယ်ခဲ့ပြီး ရိုးမားတိုက်စစ်မှူးအေဘရာဟမ်ကို မထည့်သွင်းခဲ့တဲ့ အင်္ဂလန်နည်းပြဆောက်ဂိတ်ကို ပရိသတ်တွေက ပြစ်တင်ဝေဖန်နေကြပါပြီ။ မနေ့က အင်္ဂလန်ရဲ့ ကစားသမား ၂၆ ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ခြေစွမ်းပြနေသူတချို့ ကျန်နေရစ်ခဲ့ပါတယ်။ 

ဝေဖန်ချင်စရာအကောင်းဆုံးကတော့ မန်စိးတီးအတွက် ဒီရာသီမှာ ၄ ပွဲတည်းကစားပေးထားပြီး စုစုပေါင်းမှ ၅၃ မိနစ်သာကစားထားရတဲ့ ကွင်းလယ်လူကယ်ဗင်ဖိလစ်ကို ရွေးချယ်ခဲ့တာပါ။ ကယ်ဗင်ဖိလစ်ဟာ ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရသူဖြစ်ပြီး ပြန်လည်သက်သာလာချိန်မှာ ဆောက်ဂိတ်က သူ့ကို ခေါ်ယူခဲ့တာပါ။ ယူရိုမှာ ခြေစွမ်းပြခဲ့တဲ့ အရှိန်နဲ့ ရွေးချယ်ခံခဲ့ရတာလို့ ယူဆရပါတယ်။ 

အေဘရာဟမ်ကို မရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး ဆောက်ဂိတ်က "သူက မှားယွင်းတဲ့အချိန်ကိုရောက်နေပြီး ဂိုးလည်းမသွင်းယူနိုင်ဘူးဖြစ်နေပါတယ်၊ ပုံစံကောင်းရဖို့က အရေးကြီးပါတယ်" လို့ ဖြေရှင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုပြောဆိုမှုကို လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေက ဝေဖန်ခဲ့ကြပြီး "အေဘရာဟမ်က မနေ့ကမှ (ဆာဆူအိုလိုနဲ့ပွဲ) ဂိုးသွင်းထားတာ၊ Form ဆိုတာ အာနိုးလ်နဲ့ ဒီယာကို ရွေးတာကို ပြောတာလား" လို့ တဦးက မေးခွန်းထုတ်ခဲ့ပါတယ်။ 

နောက်ထပ်တဦးကလည်း "အေဘရာဟမ်ကို မရွေးတာ ပြသနာမရှိပါဘူး၊ ဒါပေမယ့် ရာသီတလျှောက်လုံး လောက်လောက်လားလားမကစားပြထားတဲ့ မက်ဂွိုင်းယား၊ ဒီယာ၊ အာနိုးနဲ့ လုခ်ရှောတို့ကိုခေါ်ခဲ့တာက အဓိပ္ပာယ်ကိုမရှိဘူး" လို့ ပြောဆိုခဲ့ပါတယ်။ အင်္ဂလန်ရဲ့လူစာရင်းဟာ တော်တော်လေးကို ဆိုးရွားတဲ့ ရွေးချယ်မှုဖြစ်ပြီး ဘာမှစွမ်းဆောင်နိုင်စွမ်းရှိမှာမဟုတ်ဘူးလို့လည်း ပရိသတ်တွေက ယုံကြည်နေကြပါတယ်။ 

ဆောက်ဂိတ်ဟာ ဒဏ်ရာကသက်သာလာတဲ့ ကိုင်လီဝေါ်ကာကိုလည်း ရွေးချယ်ခဲ့ပြီး ညာခံစစ်အစွန်နေရာမှာ ကစားသမားတွေပေါများနေပြီး ဘယ်ခံစစ်အစွန်အတွက် လုခ်ရှောတဦးတည်းသာရှိနေလို့လည်း ဝေဖန်ခံနေရပါတယ်။


Share

Loading Next Article...
က္က