တရုတ်ဘက်မှာပိတ်မိနေတဲ့ မြန်မာကုန်တင်ကားတွေကို ပစ္စည်းသယ်ခွင့်မပေးဘဲ ကားအလွတ် ( ခါလီ) သာပြန်လွှတ်မယ်ဆိုပြီး သတင်းထွက်ပေါ်နေတာကြောင့် လုပ်ငန်းရှင်တွေ အခက်တွေ့နေရတယ်လို့သိရပါတယ်။

တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေထဲကတခုဖြစ်တဲ့ ကျင့်ဆန်းကျော့ဂိတ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့မှာ တစ်ရက်ကို ကွန်တိန်နာ ၅ လုံးနဲ့ ကုန်သွယ်ခွင့် စမ်းသပ်ကာလအဖြစ် စတင်ခွင့်ပြုမယ်လို့ သိရပါတယ်။



ကွန်တိန်နာ ၅ လုံးနဲ့ ကုန်သွယ်ခွင့်ပြုရာမှာ မြန်မာဘက်ခြမ်း ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေသာ တရုတ်ဘက်ကို တင်ပို့ခွင့်ရပြီး တရုတ်ဘက်မှာ ပိတ်မိနေတဲ့ မြန်မာကုန်တင်ကားတွေကတော့ ကုန်သွယ်ခွင့်မရသေးဘဲ တရုတ်ဘက်ကကုန်ပစ္စည်းအသစ်တွေကိုသာ မြန်မာဘက်ကိုတင်သွင်းမှာဖြစ်တယ်လို့သိရပါတယ်။

တရုတ်ဘက်မှာပိတ်မိနေတဲ့ မြန်မာကုန်တင်ကားတွေကို ပစ္စည်းသယ်ခွင့်မပေးဘဲ ကားအလွတ် ( ခါလီ) သာပြန်လွှတ်မယ်ဆိုပြီး သတင်းထွက်ပေါ်နေတာကြောင့် လုပ်ငန်းရှင်တွေ အခက်တွေ့နေရတယ်လို့သိရပါတယ်။

" ဝမ်တိန်ဘက်မှာ ကားတွေပိတ်မိနေတာ ၅ လရှိပြီ၊ ခုကုန်သွယ်ခွင့်ရတော့လည်းမပါဘူး။ကားတွေကို ခါလီပြန်လွှတ်မယ် ကြားနေတယ်။အတည်မဖြစ်ဖို့မျှော်လင့်တယ်။တကယ်ဆို ပိတ်မိကားတွေ အရင်ပြန်ထွက်နိုင်အောင်လုပ်ရမှာ။တချို့ဆို ကားတန်ဖိုးလောက် ကုန်ပစ္စည်းတွေတင်ထားတာရှိတယ်။ " လို့ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ဓာတ်ပုံ - Muse Group

ဒါ့အပြင် ကွန်တိန်နာ နဲ့ကုန်ပစ္စည်းတွေ ကုန်သွယ်မှုက အရင်ကထက် ကုန်ကျစရိတ် ၂ ဆမြင့်တက်သွားကြောင်း ၊ မြန်မာဘက်မှာပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေ အားလုံးတရုတ်ပြည်ဘက်ကိုပို့ဆောင်ပြီးမှသာ နောက်ထပ်ကုန်ပစ္စည်းတွေကိုလက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။

"ခါလီကားတွေက ဘေးဖယ်ထားတယ်။ ‌လောလောဆယ် ၂၆ ရက်နေ့မှာ ကွန်တိန်နာကား ၅ စီး ကုန်အပြည့်တင်လာမယ်။ ဗမာပြည်ဘက်ကလည်း ကုန်အပြည့်တင်ပြီးတော့သွားမယ်၊ တရုတ်ပြည်ဘက်မှာ ပိတ်မိနေတဲ့ ကားတွေအတွက် နောက်မှတမျိုးစီစဉ်မယ်၊ ဒါပေမယ့် တရုတ်ဘက်ကလာမယ့် ကုန်တွေက ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေမပါသေးဘူး။ တရုတ်ဘက်က ပစ္စည်းတွေကတော့ အသစ်တွေတင်လာမယ်၊ ဘာပစ္စည်းတွေဖြစ်မလဲတော့ မသိသေးဘူး" လို့မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးမင်းသိန်းက ပြောပါတယ်။ 

ကျင့်ဆန်းကျော့ဂိတ်ကနေ ကွန်တိန်နာ ၅ လုံးနဲ့ ကုန်သယ်ခွင့်ပြန်ပြုဖို့ကို နိုဝင်ဘာလ ၂၃ ရက်နေ့မှာ နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ် ။စမ်းသပ်ကာလပြီးပါက ကွန်တိန်နာ အရေအတွက်ထပ်တိုးမြင့်ပြီး ဆောင်ရွက်မှာဖြစ်ပါ တယ်။ 

 မြန်မာဘက်မှာ မူဆယ် ၁၀၅ မိုင်စခန်း၊ ကျင်စန်းကျော့ဂိတ်အသီးသီးမှာက တရုတ်ဘက်ကို ဝင်ရောက်ဖို့စောင့်နေတဲ့ ဆန်နဲ့ဆန်ကွဲ ၊ပဲမျိုးစုံ နဲ့တခြားပစ္စည်းမျိုးစုံတွေဟာ တွဲကား အစီးရေ ၁၅၀၀ နဲ့ ၂၀၀၀ လောက်ရှိနေပြီး တရုတ်ဘက်မှာလည်း ပိတ်မိနေတဲ့ မြန်မာကုန်ပစ္စည်းတွေက ကားအစီးရေ ၈၀၀ လောက်ရှိတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က