တရုတ်ကစားသမားတွေရဲ့ ခြေစွမ်းအပေါ် စိတ်ပျက်နေတာပါ။

၂၀၀၂ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိခဲ့လို့သာ တရုတ်က ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရဖူးတာဖြစ်ပြီး အဲဒီနောက်မှာတော့ သူတို့ဟာ လုံးဝပါဝင်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။


ကမ္ဘာကျော်နည်းပြတွေ လာရောက်ကိုင်တွယ်ပေးခဲ့ပေမယ့်လည်း တရုတ်လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေးအိပ်မက်ကတော့ အလှမ်းဝေးနေဆဲဖြစ်ပြီး မှော်ပညာကူညီနိုင်မှသာ ခြေစစ်ပွဲအောင်မြင်နိုင်ဖွယ်ရှိတယ်လို့ လက်ရွေးစင်ကစားသမားဟောင်း Wang Xiaolong က ပြောဆိုလိုက်ပါတယ်။ 

၂၀၀၂ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိခဲ့လို့သာ တရုတ်က ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရဖူးတာဖြစ်ပြီး အဲဒီနောက်မှာတော့ သူတို့ဟာ လုံးဝပါဝင်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ လက်ရှိကစားနေတဲ့ ခြေစစ်ပွဲအဆင့်မှာလည်း လေးပွဲကစားအပြီးမှာ သုံးပွဲအထိ အရေးနိမ့်ထားပြီးဖြစ်လို့ မျှော်လင့်ချက်မရှိသလောက်ဖြစ်နေခဲ့ပါပြီ။ 

"ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ချင်ရင်တော့ သူတို့ကိုယ်သူတို့ ဟယ်ရီပေါ်တာလိုအသွင်ပြောင်းလဲဖို့ လိုလိမ့်မယ်၊ ပြီးရင် အဲဒီမှော်အစွမ်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ တရုတ်ကိုခေါ်သွားဖို့ပဲ ကျွန်တော်ကတော့ မြင်နေတယ်၊ ကျွန်တော်တို့ တရုတ်ကစားသမားတွေရဲ့ ပွဲအပေါ်နားလည်သဘောပေါက်မှုက နိုင်ငံခြားကစားသမားတွေနဲ့ ကွာဟနေပြီး လမ်းဘေးအဆင့်ပဲ ရှိပါတယ်"

"နာမည်ကြီး ပြည်ပနည်းပြတွေရောက်လာပြီး ကိုင်တွယ်လည်း အပြုသဘောဆောင်တဲ့အပြောင်းအလဲတွေမလုပ်နိုင်ခဲ့ပါဘူး၊ စိတ်ပျက်လက်ပျက်နဲ့သာ အသင်းကို လွှဲပြောင်းယူခဲ့ကြရတာပါ၊ တရုတ်စူပါလိဂ်မှာ နာမည်ကြီးကစားသမားတချို့ရှိနေပေမယ့်လည်း သူတို့က တရုတ်ကစားသမားတွေရဲ့ နည်းစနစ်ပိုင်းနဲ့နည်းဗျူဟာအားနည်းမှုကိုပဲ စောဒကတက်နေကြတယ်၊ နိုင်ငံခြားနည်းပြတွေက နည်းစနစ်ကိုအရမ်းတန်ဖိုးထားတယ်၊ ဒါပေမယ့် ကွင်းဘေးမှာ သူတို့ကအချိန်ပြည့်ခေါင်းပဲခါယမ်းနေပြီး လှောင်ပြုံးပြုံးနေကြပါတယ်" လို့ Wang က ပြောဆိုခဲ့ပါတယ်။ 

တရုတ်ဟာ မာဆယ်လိုလစ်ပီ၊ ကင်နာဗာရိုးတို့လို နာမည်ကျော်နည်းပြတွေကို ခန့်အပ်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ ရှိနေခဲ့ပါတယ်။ Wang ကတော့ ဂွာဒီယိုလာ၊ ကလော့ပ်တို့ရောက်လာလည်း သူတို့သာ ဒုက္ခတွေ့နေမှာဖြစ်ပြီး အောင်မြင်မှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း ဆင်ဟွာသတင်းဌာနကို ပြောဆိုသွားခဲ့ပါတယ်။ 

Share

က္က