နှစ်အနည်းငယ်အတွင်းမှာ နည်းပညာဆန်းပြားမှုတွေ တွေ့ရတော့မှာပါ

လာမယ့် ၂၀၂၄ ခုနှစ်ကစပြီး တရုတ်ထုတ်မိုးပျံကားတွေကို ဈေးကွက်မှာ မြင်ရဖို့ ရှိပါတယ်။

တရုတ်လျှပ်စစ်ကားကုမ္ပဏီ Xpeng ရဲ့ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ HT Aero က ၂၀၂၄ ခုနှစ်မှာ မိုးပျံကားတွေ ဖြန့်ချိမယ့်အစီအစဉ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ လောလောဆယ် မိုးပျံကားတွေ စီးပွားဖြစ်ထုတ်လုပ်ရောင်းချခြင်းမရှိသေးပေမယ့် HT Aero အနေနဲ့ လာမယ့်နှစ်အနည်းငယ်အတွင်း မိုးပျံကားတွေ လမ်းမပေါ် ရောက်လာမယ့်အကြောင်းကို ချပြလာတာပါ။



Photo: inceptivemind


ဈေးကွက်ဝင်မယ့် မိုးပျံကားနောက်ဆုံးအဆင့် ဒီဇိုင်းမှာ အပြောင်းအလဲ ရှိနိုင်တယ်လို့လည်း HT Aero က ပြောပါတယ်။ CNBC သတင်းအရ HT Aero ရဲ့ မိုးပျံယာဉ်ဒီဇိုင်းဟာ အပေါ့စား Lightweight ဒီဇိုင်းနဲ့လာပြီး ဖိုက်တာဂျက်တွေရဲ့ အမြန်နှုန်းနဲ့ ဟယ်လီကော်ပတာရဲ့ စွမ်းဆောင်ရည်ပေါင်းစပ်ထားတဲ့ ဘေးဆန့်နိုင် Fold-Away Rotors ဒလက်တွေ သုံးမယ်လို့ ဆိုပါတယ်။ လမ်းပေါ်မှာ ကားအဖြစ် မောင်းလို့လည်း ရသလို ဘေးက ဒလက်တွေ ဆန့်ထုတ်လိုက်တာနဲ့ မိုးပေါ်ပျံနိုင်မှာ ဖြစ်ပါတယ်။ 

HT Aero ရဲ့ ယာဉ်မှာ လေထီးတွေအပါအဝင် ဘေးကင်းရေးဆိုင်ရာ လုပ်ဆောင်ချက် Features တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ HT Aero ကုမ္ပဏီကို Xpeng လျှပ်စစ်ကားကုမ္ပဏီနဲ့ Xpeng တည်ထောင်သူ ဟီရှောင်ဖန်က ထောက်ပံ့ပေးထားတာပါ။ ပြီးခဲ့တဲ့တစ်ပတ်ကပဲ ဒီကုမ္ပဏီဟာ ထိပ်တန်း ရင်းနှီးမြှပ်နှံရေးလုပ်ငန်းတွေအပါအဝင် ပြင်ပရင်းနှီးမြှပ်နှံသူတွေဆီကနေ ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှပ်နှံမှု ရထားပါတယ်။ HT Aero ရဲ့ ကုန်းလေ နှစ်မျိုးသွားယာဉ်ကို Xpeng ရဲ့ Tech Day ပွဲမှာ မိတ်ဆက်ခဲ့ပြီး ဒီပွဲမှာ အဆင့်မြင့် ယာဉ်မောင်းအကူစနစ် Xpilot 4.0 လည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ 

မိုးပျံကားတွေဟာ ဒေါင်လိုက်အဆင်းအတက်လုပ်နိုင်တဲ့ လျှပ်စစ်ကားတွေ ဖြစ်ပြီး ကမ္ဘာတလွှား ကားထုတ်လုပ်သူတွေနဲ့ Startups တွေက အနာဂါတ်သယ်ယူပို့ဆောင်ရေးယာဉ်တွေအဖြစ် ထင်ကြေးပေးခံထားရပါတယ်။ လောလောဆယ်မှာတော့ မိုးပျံကားတွေကို လူအများအသုံးပြုနိုင်ဖို့ ဥပဒေပိုင်းမှာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က