ကလေးတွေကို COVID-19 စစ်ဆေးခဲ့ပြီး အဖြေသိရချိန်အထိ ကျောင်းထဲမှာ ညအိပ်စောင့်ဆိုင်းနေစေခဲ့ပါတယ်

တရုတ်မူလတန်းကျောင်းတစ်ကျောင်းမှာ ဝန်ထမ်းတစ်ဦး COVID-19 ကူးစက်ခံရမှု တွေ့ရှိရတာကြောင့် ထိုကျောင်းကို အဝင်အထွက်ပိတ်ထားခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေကို ကူးစက်ခံရခြင်းရှိ မရှိ ဓာတ်ခွဲစစ်ဆေးမှုအဖြေရချိန်အထိ အိမ်ပြန်မလွှတ်ဘဲ ကျောင်းမှာအိပ်စေခဲ့ပါတယ်။

ကျောင်းသားမိဘအုပ်စုကြီးက အဆိုပါ မူလတန်းကျောင်းအပြင်ဘက်မှာ စိုးရိမ်တကြီး လာရောက်စောင့်ဆိုင်းနေခဲ့ကြပြီး ညသန်းခေါင်နီးပါးအထိ ကျောင်းထဲမှ အခြေအနေကို မသိခဲ့ရဘူးလို့ ဆိုပါတယ်။ မူလတန်ကျောင်း ဝန်ထမ်းတစ်ဦးထံမှာ ကူးစက်မှုတွေ့ရတာကြောင့် ကလေးတွေကို COVID-19 စစ်ဆေးခဲ့ပြီး အဖြေသိရချိန်အထိ ကျောင်းထဲမှာ ညအိပ်စောင့်ဆိုင်းနေကြရန် ပြောခဲ့ကြောင်း သိရပါတယ်။



ထိုကျောင်းမှ ကျောင်းသူကျောင်းသားတွေဟာ အသက် ၇ နှစ်နဲ့ ၁၂ နှစ်ကြားအရွယ်တွေလို့ ဆိုပါတယ်။ ဒေသခံသတင်းဝက်ဘက်ဆိုက် Jimu News မှာ ဖော်ပြမှုအရ ည ၁၁း၃၀ ဝန်းကျင်မှာ ကျောင်းအုပ်ဖြစ်သူက ကလေးအချို့ ကွာရန်တင်းဝင်ရမယ်လို့ စောင့်ဆိုင်းနေကြတဲ့ ကျောင်းသားမိဘတွေကို ထွက်ပြောခဲ့ပါတယ်။

(မူလတန်းအရွယ် တရုတ်ကျောင်းသူကျောင်းသားများ) (Photo: Saudi Gazette)

ထို့နောက် ကလေးတွေဟာ ကျောင်းမှာ ညအိပ်ရကြရမှာဖြစ်ပြီး ၎င်းတို့အတွက် အဝတ်အစားများ ပြင်ဆင်ယူလာပေးရန် ကျောင်းသားမိဘတွေကို အကြောင်းကြားခဲ့ပါတယ်။ ကလေးတွေကို COVID-19 စစ်ဆေးထားကြောင်းနဲ့ အဖြေသိရမယ့် နောက်တစ်နေ့မှာ အိမ်ပြန်လွှတ်မယ်လို့ ကျောင်းအုပ်က မိဘတွေကို ဖြည့်စွက်ပြောခဲ့ပါတယ်။ ကျောင်းသူကျောင်းသား အရေအတွက်မည်မျှဟာ ကွာရန်တင်းဝင်ရကြောင်း အတိအကျ မသိရသေးပါဘူး။

သို့သော် New Tang Dynasty ရုပ်မြင်သံကြားဌာနနဲ့ ဆက်နွယ်နေတဲ့ Falun-gong က သတင်းဖော်ပြမှုအရ ကျောင်းသူကျောင်းသား ၃၅ ဦးကို ကွာရန်တင်းဝင်ရန် ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ထိုမူလတန်ကျောင်းရှိ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများနဲ့ ဝန်ထမ်းများ အားလုံးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ ကျောင်းကို ယာယီပိတ်ထားကြောင်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က