Flagship နဲ့ Upper Mid-Range ဖုန်းသစ်တွေ ထုတ်လာနေတဲ့ Honor ဟာ တရုတ်ဖုန်းဈေးကွက်မှာ ထိပ်ဆုံးရောက်လာတယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ် ပထမသုံးလပတ်အတွက် Honor ဟာ တရုတ်ဖုန်းဈေးကွက်မှာ နံပါတ်တစ်နေရာကို ရောက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ပထမသုံးလပတ််နဲ့ စာရင် ဒီနှစ် မတ်လမှာ ကုန်ဆုံးတဲ့ Q1 သုံးလပတ်မှာ တရုတ်ဈေးကွက် စမတ်ဖုန်းတင်ပို့ရောင်းချမှု ၁၈% ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။
သုံးလပတ် စမတ်ဖုန်းတင်ပို့မှု စုစုပေါင်း ၇၅.၆ သန်း ရှိခဲ့တဲ့အထဲက ၁၅ သန်းဟာ Honor ဖုန်းတွေ ဖြစ်ခဲ့ပြီး ဒါဟာ အရင်နှစ် တင်ပို့မှု ၄.၉ သန်းထက် ၂၀၅% အထိ ထိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ဈေးကွက်ဝေစုအနေနဲ့လည်း တရုတ်ဈေးကွက်ရဲ့ ၂၀% ကို Honor ကပဲ လွှမ်းမိုးထားတာပါ။ သူ့နောက်မှာ OPPO က ဖုန်းအလုံးရေ ၁၃.၉ သန်း နဲ့ ဈေးကွက်ဝေစု ၁၈ ရာခိုင်နှုန်း ၊ Apple က ဖုန်းတင်ပို့မှု ၁၃.၈ သန်းနဲ့ ၁၈ ရာခိုင်နှုန်းစီ ရှိပြီး Vivo နဲ့ Xiaomi တို့က ၁၂.၂ သန်း နဲ့ ၁၀.၆ သန်းစီ တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တစ်ခါက တရုတ်ရဲ့ အရောင်းရဆုံးအမှတ်တံဆိပ် Huawei ဟာ ၂၀၂၂ ပထမသုံးလပတ်မှာ ဈေးကွက်ဝေစု ၆.၂ ရာခိုင်နှုန်းပဲ ရပ်တည်နိုင်တော့တယ်လို့ ဆိုပါတယ်။