တရုတ်နိုင်ငံရဲ့ ထိပ်တန်း အမျိုးသားလေကြောင်းနဲ့ အာကာသတက္ကသိုလ် ဓါတ်ခွဲခန်းတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာမှာ ၂ ဦးသေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီတစ်ပတ် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မနက် ၄ နာရီခန့်က နိုင်ငံရဲ့ အဆင့်မြင့်ဆုံးလေကြောင်းနည်းပညာဌာနတစ်ခုဖြစ်တဲ့ နန်ကျင်း လေကြောင်းနဲ့အာကာသသိပ္ပံ တက္ကသိုလ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ South China Morning Post သတင်းက ဖော်ပြထားပါတယ်။ Material Science And Technology ကောလိပ်အဆောက်အဦမှာ မီးလောင်ပေါက်ကွဲခွဲတာလို့လည်း တက္ကသိုလ်က အတည်ပြုပါတယ်။



Photo: The Independent


"ပေါက်ကွဲရတဲ့ အကြောင်းရင်းကတော့ စုံစမ်းဆဲ ဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးသွားပါပြီ"လို့ မြို့တော်မီးသတ်ဌာနက တရုတ်လူမှုကွန်ရက်မီဒီယာ Weibo မှာ ရေးထားပါတယ်။ 

လူမှုကွန်ရက်တွေပေါ် တက်လာတဲ့ ဗွီဒီယိုတွေမှာ အဆောက်အဦထိပ်က မီးခိုးတွေ အလိပ်လိုက်တက်လနေတာ တွေ့ရပြီးနောက် တစ်လွှာလုံး မီးလောင်ပေါက်ကွဲသွားတာလည်း မြင်တွေ့ခဲ့ရပါတယ်။ အဆင့်မြင့်ပညာရေးဗဟိုချက်တစ်ခုဖြစ်တဲ့ နန်ကျင်းဟာ နှစ်စဉ် နိုင်ငံခြားကျောင်းသား အများအပြားကို ဆွဲဆောင်နေတဲ့ ပညာရေးထွန်းကားတဲ့မြို့တစ်မြို့ ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ထိပ်တန်း ကာကွယ်ရေးသုတေသနအဖွဲ့အစည်းတွေ တည်ရှိတဲ့ မြို့အဖြစ်လည်း ထင်ရှားပါတယ်။ ဒီမြို့မှာ ဟယ်လီကော်ပတာနည်းပညာကို အထူးပြုထားတဲ့ သုတေသနဓါတ်ခွဲခန်းတွေလည်း ရှိပါတယ်။ 

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နန်ကျင်းလေကြောင်းနဲ့ အာကာသသိပ္ပံတက္ကသိုလ်မှာ စွမ်းအင်အသွင်ကူးပြောင်းမှု ၊ နူကလီးယားစွမ်းအင်ပစ္စည်းအစိတ်အပိုင်း ၊ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်တွေအတွက် ဒြပ်ပိုင်းဆိုင်ရာ ပြင်ဆင်ခြင်းနဲ့ ကာကွယ်ခြင်း ၊ လျှပ်စစ်ဓါတုသိုလှောင်မှုဆိုပြီး အဓိကဓါတ်ခွဲခန်းကြီး ၅ ခု ရှိတယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှု ဖြစ်တာ ဘယ်ဓါတ်ခွဲခန်းမှာလဲတော့ မသိရသေးပါဘူး။




ပြီးခဲ့တဲ့ မတ်လထဲမှာလည်း ဓါတုဗေဒဆိုင်ရာ တရုတ်သိပ္ပံအကယ်ဒမီအင်စတီကျူ့ဒ်ရဲ့ ဓါတ်ခွဲခန်းတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဘွဲ့ရကျောင်းသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဘေဂျင်း ဂျီယောင်တောင်တက္ကသိုလ် ဓါတ်ခွဲခန်းတစ်ခုမှာ မိလ္လာသန့်စင်ရေးစမ်းသပ်မှု လုပ်နေစဉ် ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် ကျောင်းသား ၃ ဦး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ 

Share

Loading Next Article...
က္က