အရင်အပတ်တွေကလည်း တခြားမော်ဒယ်တွေ ဈေးတက်ခဲ့ပါတယ်

Tesla ရဲ့ ဈေးအသက်သာဆုံး Model Y ကားဟာ တရုတ်မှာ ယွမ် ၁၅၀၆၀ ( ၂၃၇၂ ဒေါ်လာ) အထိ ဈေးတက်သွားတယ်လို့ ဆိုပါတယ်။ 

ကြာသာပတေးနေ့က Model Y ကားတွေ ဈေးတက်မှုဟာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဈေးမြောက်တဲ့ Tesla မော်ဒယ်တွေ ဈေးနှစ်ကြိမ်ဆက်တိုက်တက်သွားပြီးနောက် ထပ်တက်လာတာ ဖြစ်ပါတယ်။ CNBC က ရတဲ့ အချက်အလက်တွေအရ တရုတ်ထုတ် Standard ဗားရှင်း Model Y ဟာ အင်္ဂါနေ့က ယွမ် ၃၀၁၈၄၀ (၄၇၅၅၉ ဒေါ်လာ) ကနေ ယွမ် ၃၁၆၉၀၀ (၄၉၉၃၂ ဒေါ်လာ) အထိ တက်လာတယ်လို့ ဆိုပါတယ်။ 





စီးပွားရေးလုပ်ငန်းမှာ ကုန်ကြမ်းနဲ့ သယ်ယူပို့‌ဆောင်ရေးဘက် ငွေကြေးဖောင်းပွမှုဒဏ် ခံရနေကြောင်း အီလွန်မတ်စ်က သတိပေးပြီးနောက် တရုတ်နဲ့ အမေရိကန်မှာ လျှပ်စစ်ကားဈေးနှုန်းတွေ တက်လာခဲ့တာပါ။ မတ်လလယ်ပိုင်းမှာ တရုတ်ဈေးကွက်ထဲ ဝင်တဲ့ Model 3 နဲ့ Model Y ဈေးနှုန်းတွေ မြှင့်ခဲ့ပါတယ်။ Long-Range နဲ့ Performance ဗားရှင်းတွေအတွက် ဈေးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ 

Performance Model Y ဟာ ဇန်နဝါရီလထဲမှာ အရင်ဈေးထက် ၇.၇% တက်လာခဲ့သလို Long-Range ဗားရှင်းကလည်း အဲ့ဒီအချိန်မှာ ၈% အထိ တက်သွားခဲ့တာပါ။ ဈေးအသက်သာဆုံးဗားရှင်းကတော့ ကြာသာပတေးနေ့မှာ ၅% အထိပဲ တက်ခဲ့တာလို့ ဆိုပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ငွေကြေး ဖောင်းပွမှု ၊ Covid-19 ကြောင့် တရုတ်မှာ လုပ်ငန်းလုပ်ရ အခက်အခဲရှိလာမှုတွေက အခုလို လျှပ်စစ်ကားဈေးတွေ တက်လာစေတာလည်း ဖြစ်ပါတယ်။ 

နာမည်ကြီး တရုတ်လျှပ်စစ်ကားကုမ္ပဏီ Xpeng ကလည်း ကုန်ကြမ်းဈေးတက်တာကို အကြောင်းပြုပြီး ကုမ္ပဏီထုတ် လျှပ်စစ်ကားတွေကို ယွမ် ၁၀၁၀၀ (၁၅၈၇ ဒေါ်လာ) ကနေ ယွမ် ၂ သောင်း (၃၁၄၃ ဒေါ်လာ) အထိ ဈေးမြှင့်သွားမယ်လို့ ကြေညာထားပါတယ်။ Xpeng ဟာ flagship P7 ဆီဒင် ၊ P5 ဆီဒင် နဲ့ G3 Sports တွေ ရောင်းချနေပြီး ဒီနှစ်ထဲမှာ G9 SUV ထုတ်ဖို့လည်း ပြင်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က